ဂွါဒီယိုလာနှင့် ကလော့ပ်တို့လို အသင်း၏ထောက်ခံမှုမျိုး မိမိမရရှိခဲ့ဟု မော်ရင်ဟို ဝေဖန်

ဂွါဒီယိုလာနှင့် ကလော့ပ်တို့လို အသင်း၏ထောက်ခံမှုမျိုး မိမိမရရှိခဲ့ဟု မော်ရင်ဟို ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 3 May 2019

မန်ယူအသင်း၏နည်းပြဟောင်း မော်ရင်ဟိုက မိမိ မန်ယူအသင်းကို ကိုင်တွယ်ခဲ့စဉ်က မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့က ဂွါဒီယိုလာနှင့် ကလော့ပ်တို့ကို ထောက်ခံမှုမျိုး မရရှိခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

မန်ယူအသင်း၏နည်းပြဟောင်း မော်ရင်ဟိုက မိမိ မန်ယူအသင်းကို ကိုင်တွယ်ခဲ့စဉ်က မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့က ဂွါဒီယိုလာနှင့် ကလော့ပ်တို့ကို ထောက်ခံမှုမျိုး မရရှိခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

    

မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက လီဗာပူးလ်အသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် (၂) နှစ်ခွဲကြာလက်တွဲလာခဲ့သည့် မော်ရင်ဟိုနှင့် လမ်းခွဲရန်ဆုံးဖြတ်ခဲ့ပြီး မော်ရင်ဟိုသည် ယခုအချိန်အထိ နည်းပြလောကထဲ ပြန်မဝင်ဘဲ အနားယူနေဆဲဖြစ်သည်။ 

၎င်းက "ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ကို ဆက်ဆံသလိုမျိုး ဆက်ဆံတဲ့အသင်းမျိုးကို ကျွန်တော်သွားမှာပါ။ လီဗာပူးလ်အသင်းကို ခင်ဗျားကြည့်လိုက်ရင် ယာဂန် ရောက်လာတဲ့အချိန်မှ ခေါ်တဲ့ကစားသမား ဘယ်လောက်များသလဲဆိုတာကို တွေ့ရမှာဖြစ်သလို၊ နောက်ခံလူတွေကို သဘောမကျတဲ့ ဂွါဒီယိုလာကို မန်စီးတီးအသင်းက ထိပ်တန်းနောက်ခံလူတွေ အားဖြည့်ပေးခဲ့တယ်။ ဘရာဗိုကို သူမကြိုက်တော့ အီဒါဆန်ကို ခေါ်ပေးခဲ့တယ်။ ကျွန်တော် နောက်တာဝန်ယူမယ့်အသင်းက ကိုယ့်အသင်းအပေါ် အာရုံစိုက်ပြီး လိုအပ်တဲ့ပြုပြင်မှုတွေလုပ်နိုင်တဲ့အသင်းမျိုးပဲဖြစ်မှာပါ"ဟု ပြောကြားခဲ့သည်။

အသက် (၅၆) နှစ်အရွယ်ရှိ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုအား ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်နှင့် လီဂူးကလပ်များဖြစ်သည့် PSG၊ လိုင်ယွန်နှင့် မာဆေးလ်အသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။

Most Read

Most Recent