ပရီးမီးယားလိဂ်အသင်းများ၏ စုစုပေါင်းဝင်ငွေ စံချိန်သစ်ဖြစ်ခဲ့သလို၊ လစာပေးချေရမှုလည်း မြင့်တက်လာခဲ့

ပရီးမီးယားလိဂ်အသင်းများ၏ စုစုပေါင်းဝင်ငွေ စံချိန်သစ်ဖြစ်ခဲ့သလို၊ လစာပေးချေရမှုလည်း မြင့်တက်လာခဲ့
Photo: Premier League
Photo: Premier League
Published 26 April 2019

၂၀၁၇-၁၈ ရာသီအတွင်း ပရီးမီးယားလိဂ်အသင်း(၂၀)၏ စုစုပေါင်းဝင်ငွေရရှိမှုမှာ ပေါင်(၄.၈) ဘီလီယံအထိရှိခဲ့ပြီး စံချိန်သစ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း ပရီး မီးယားလိဂ်အသင်းများ၏ ဘဏ္ဍာရေးအခြေအနေကို Deloitte မှ ထုတ်ပြန်ခဲ့ရာ ဝင်ငွေရရှိမှု စံချိန်သစ်ဖြစ်ခဲ့သလို၊ လစာပေးချေရ မှုမှာလည်း မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

၂၀၁၇-၁၈ ရာသီအတွင်း ပရီးမီးယားလိဂ်အသင်း(၂၀)၏ စုစုပေါင်းဝင်ငွေရရှိမှုမှာ ပေါင်(၄.၈) ဘီလီယံအထိရှိခဲ့ပြီး စံချိန်သစ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ 

၂၀၁၆-၁၇ ရာသီတွင် ဝင်ငွေပေါင်(၄.၆)ဘီလီယံရှိခဲ့သည့်အတွက် (၆%)မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

သို့သော် လစာပေးချေရမှုမှာ (၁၅%)အထိ မြင့်တက်လာခဲ့ကြောင်း လည်း သိရှိရသည်။ ၂၀၁၇-၁၈ ရာသီအတွင်း ပရီးမီးယားလိဂ်အသင်း(၂၀)၏ စုစုပေါင်းလ စာပေးချေရမှုမှာ ပေါင်(၂.၉)ဘီလီယံအထိ ရှိ ခဲ့ခြင်းဖြစ်သည်။

 

"ပရီးမီးယားလိဂ်အသင်းတွေရဲ့ တစ်ဝက်လောက်က လစာနဲ့ ဝင်ငွေနှုန်းထားမှာ (၇၀%)လောက်အထိ မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၇-၁၈ ရာသီမှာ အပြောင်းအရွှေ့စျေးကွက်နှစ်ခုကို တန်ဖိုးကြီးကြီးဖြတ်သန်းခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ လာမယ့် ရာသီတွေမှာ ပိုပြီးမြင့်တက်လာဖို့လည်း ရှိနေပါတယ်"ဟု Deloitte မှ ဒါရိုက်တာတစ်ဦးဖြစ်သည့် တင်မ်ဘရစ်ချ်က ဆိုခဲ့သည်။