နွေရာသီတွင်ခေါ်ယူမည့်ကစားသမားကို အတိအကျရွေးချယ်ထားပြီးပြီဟု ရီးယဲလ်နည်းပြ ဇီဒန်း တုံ့ပြန်

နွေရာသီတွင်ခေါ်ယူမည့်ကစားသမားကို အတိအကျရွေးချယ်ထားပြီးပြီဟု ရီးယဲလ်နည်းပြ ဇီဒန်း တုံ့ပြန်
Photos: AFP
Photos: AFP
Published 22 April 2019

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်း က မိမိအနေဖြင့် နွေရာသီတွင်ခေါ်ယူရမည့် ကစားသမားကို အတိအကျရွေးချယ်ထားပြီးဖြစ်ကြောင်း မီဒီယာများအား တုံ့ပြန်ပြောကြားသည်။

ရီးယဲလ်အသင်းကို တစ်ကျော့ပြန်ကိုင် တွယ်နေသည့် ဇီဒန်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် အပြောင်းအလဲများစွာ ပြုလုပ်မည်ဖြစ်ပြီး ဂါရတ်ဘေးလ်အပါအဝင် ကစားသမားအများစုကို ရောင်းချ၍ ဟာဇက်၊ ဘာပေတို့ကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ 

သို့ဖြစ်ရာ ဧပြီ ၂၀ ရက်က ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဇီဒန်းက ''ကျွန်တော်က ကိုယ်ဘာလိုချင်လဲဆိုတာ အတိအကျသိထားပြီးသားပါ။ ကစားသမားတွေအကြောင်း ကျွန်တော်တို့ပြောကြတယ်။ ဒီကိစ္စက ကျွန်တော့်ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်နေပြီးသားပါ။ ကျွန်တော် တို့ ဘာလုပ်နိုင်မလဲဆိုတာပဲ ကြည့်ရမှာပါ။ ဘယ်အရာတွေက သေချာပြီး ဘယ်အရာတွေ က ပြောင်းလဲသွားမလဲဆိုတာကိုပေါ့။ အမြဲ တမ်းတော့ တစ်သမတ်တည်းလုပ်လို့မရပါ ဘူး''ဟု တုံ့ပြန်ပြောကြားသည်။ 

ထို့ပြင် ဘေးလ်၏အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုကို ဇီဒန်းက ''ကျွန်တော်တို့ ဒီကိစ္စအကြောင်း မပြောချင်ပါဘူး။ မနက်ဖြန် (တနင်္ဂနွေနေ့) ကစားရမယ့်ပွဲအကြောင်းပဲ စဉ်းစားထားပါ တယ်။ တခြားကိစ္စတွေ မတွေးထားပါဘူး''ဟု ဖြေကြားသည်။

    

ရီးယဲလ်အသင်းသည် ရာသီကုန်ခါနီး အချိန်တွင် ခံစစ်ပိုင်းကစားသမားများ ဒဏ်ရာ ပြဿနာရင်ဆိုင်နေရပြီး အသင်းခေါင်းဆောင် ရာမို့စ် (ခြေသလုံး<ကက်သား) နှင့် ဂိုးသမား ကော်တိုအာ (ပေါင်) တို့ ဒဏ်ရာရှိနေသလို ညာနောက်ခံလူ အော်ဒရီယိုဇိုလာမှာလည်း ညှပ်ရိုးကျိုးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။ 

အော်ဒရီယိုဇိုလာသည် ဧပြီ ၁၉ ရက်က လေ့ကျင့် ရေးကွင်း၌ အသင်းဖော် ဗင်နီစီယပ်စ်ဂျူနီ ယာနှင့် ထိခိုက်မိရာမှ ဝဲဘက်ညှပ်ရိုးကျိုးသွား ခြင်းဖြစ်ပြီး ဧပြီ ၂၀ ရက်တွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသည်။ 

သို့ဖြစ်ရာ ၎င်းင်းအနေဖြင့် လာမည့်ရာသီကြိုပွဲစဉ်များကိုပါ လွဲချော်ဖွယ် ရှိနေကြောင်း သိရသည်။