စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းသည် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည့် အသင်းခေါင်းဆောင်ဟောင်း ဒါဗီဒေးအက်စ်တိုရီ၏ မိသားစုအတွက် ယူရို (၁.၅) သန်း ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။
အက်စ်တိုရီ (၃၁ နှစ်) သည် ၂၀၁၈ ခုနှစ် မတ် (၄) ရက်က အူဒီးနီးစ် အသင်းနှင့်ကစားမည့်ပွဲမတိုင်မီ ဟိုတယ်ခန်းအတွင်း အိပ်ပျော်နေစဉ် နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖီအိုရင်တီးနားအသင်းသည် ပြီးခဲ့သည့်နှစ်အတွက် ဘဏ္ဍာရေးစစ်တမ်းကို ဧပြီ (၁၉) ရက်က ထုတ်ပြန်ရာ ယူရို (၁၅.၇) သန်း အရှုံးပေါ် နေသော်လည်း အက်စ်တိုရီ၏မိသားစုအတွက် ယူရို (၁.၅) သန်း လှူ ဒါန်းခဲ့ကြောင်း ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်သည်။ ဖီအိုရင်တီးနားအသင်းသည် ၂၀၁၇ ခုနှစ်က ဝင်ငွေ ယူရို (၁၈၉) သန်းရရှိပြီး အမြတ်ငွေ ယူရို (၃၇) သန်းရခဲ့သော်လည်း ပြီးခဲ့ သည့်နှစ်တွင်မူ ဝင်ငွေမှာ ယူရိုသန်း (၁၁၀) သို့ ကျဆင်းသွားသဖြင့် အရှုံး ပေါ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဖီအိုရင်တီးနားအသင်းသည် အက်စ်တိုရီ ၏စာချုပ်ကို တစ်သက်တာစာချုပ်အဖြစ် ချုပ်ဆို၍ ၎င်း၏ဇနီးနှင့် ရင်သွေးဖြစ်သူကို ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။