မိုနာကိုနှင့်ပွဲတွင် နေမာပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း တူဟယ်လ် ပြောကြား

မိုနာကိုနှင့်ပွဲတွင် နေမာပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း တူဟယ်လ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 20 April 2019

တူဟယ်လ်က '' နေမာရဲ့ကြံ့ခိုင်မှုအနေအထားကို ကျွန်တော်စောင့်ကြည့်နေပါတယ်။ လက်ရှိအခြေအနေအရတော့ သူဟာမိုနာကိုနဲ့ပွဲမှာ ပြန်လည်ကစားနိုင်ဖို့ရှိပါတယ်။ သူဟာလက်ရှိအချိန်မှာ အသင်းနဲ့အတူလေ့ကျင့်ရေးကို ကောင်းကောင်းပြုလုပ်နေပြီး သူ့ဒဏ်ရာဟာနာကျင်မှုမရှိတော့ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်" ဟုပြောကြားခဲ့သည်။

PSG အသင်းနည်းပြ တူဟယ်လ်က အသင်းတိုက်စစ်မှူး နေမာအနေဖြင့် ဧပြီလ (၂၁)ရက်နေ့တွင်ကစားမည့် မိုနာကိုအသင်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ်အသင်းခေါင်းဆောင်နေမာသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့က စထရာဘိုးနှင့် ပြင်သစ်ဖလားပွဲစဉ်တွင် ခြေဖဝါးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

နေမာသည် အဆိုပါဒဏ်ရာကြောင့် ယခုအချိန်အထိ ကစားနိုင်ခြင်းမရှိသေးသလို ၄င်း၏ကြံ့ခိုင်မှုအနေအထားကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်းသိရသည်။

PSG အသင်းသည် လီဂူးပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ရန်အလွန်နီးစပ်နေပြီဖြစ်သော်လည်း စထရာဘိုး၊ လိုင်လီ၊ နန့်စ်တို့နှင့်ကစားခဲ့သည့်ပွဲစဉ်များတွင် ရလဒ်များဆိုးရွားခဲ့ခြင်းကြောင့် ချန်ပီယံဆုနှင့်လွဲချော်နေဆဲဖြစ်ပြီး မိုနာကိုနှင့်ပွဲတွင် အနိုင်ကစားနိုင်ခဲ့ပါက ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်မည်ဖြစ်သည်။

တူဟယ်လ်က '' နေမာရဲ့ကြံ့ခိုင်မှုအနေအထားကို ကျွန်တော်စောင့်ကြည့်နေပါတယ်။ လက်ရှိအခြေအနေအရတော့ သူဟာမိုနာကိုနဲ့ပွဲမှာ ပြန်လည်ကစားနိုင်ဖို့ရှိပါတယ်။ သူဟာလက်ရှိအချိန်မှာ အသင်းနဲ့အတူလေ့ကျင့်ရေးကို ကောင်းကောင်းပြုလုပ်နေပြီး သူ့ဒဏ်ရာဟာနာကျင်မှုမရှိတော့ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်" ဟုပြောကြားခဲ့သည်။

နေမာသည် ယခုဘောလုံးရာသီတွင် PSG အသင်းအတွက်လီဂူး (၁၃)ပွဲတွင် (၁၃)ဂိုးသွင်းယူထားသလို၊ ပြိုင်ပွဲစုံ (၂၃)ပွဲတွင်၊ ဂိုး (၂၀)အထိသွင်းယူပေးထားနိုင်ခဲ့သူဖြစ်သည်။

PSG အသင်းနည်းပြတူဟယ်လ်က နေမာမှာ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး ၄င်း၏လှပသည့်ကစားဟန်များကို ပရိသတ်များကြည့်ရှုနိုင်ရန်အတွက် ဒိုင်လူကြီးများအနေဖြင့် နေမာကိုအကာအကွယ်ပေးသင့်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent