“၀”  ပြည်နယ်အဖြစ် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးနှင့် သက်ဆိုင်သကဲ့သို့ ပြည်သူများနှင့်လည်း သက်ဆိုင်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ပြောကြား

“၀”  ပြည်နယ်အဖြစ် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးနှင့် သက်ဆိုင်သကဲ့သို့ ပြည်သူများနှင့်လည်း သက်ဆိုင်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 18 April 2019
မောင်ထူး

ပြည်နယ်အဖြစ် တောင်းဆိုခြင်းသည် အခြေခံဥပဒေ ပြုပြင်ရေးနှင့် သက်ဆိုင်သကဲ့သို့ ပြည်သူများနှင့်လည်း သက်ဆိုင်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။

”  သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၏ ထိန်းချုပ်ဒေသဖြစ်သော ပန်ဆန်းမြို့သို့ ရောက်ရှိနေသည့် ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ဧပြီ ၁၈ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံရာ၌  အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

”  အဖွဲ့၏ ငြိမ်းချမ်းရေး တည်ဆောက်မှုနှစ် (၃၀) ပြည့် ဂုဏ်ပြုပွဲ စစ်ရေးပြအခမ်းအနားကို  ဧပြီ ၁၇ ရက်က ပန်ဆန်းမြို့၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ RCSS အဖွဲ့  တက်ရောက်ခြင်းမှာ ဂုဏ်ပြုသည့်အနေဖြင့် တက်ရောက်ခြင်း ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ဆိုသည်။

စစ်ရေးပြ အခမ်းအနားအနေနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။  ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ချထားတဲ့မူ ၁၂ ချက်ထဲက တစ်ချက်ဖြစ်တဲ့ ခေတ်မီသော အင်အားတောင့်တင်းတဲ့ တပ်မတော်ကို တည်ထောင်မယ်ဆိုတဲ့ တည်ထောင်ရမယ်ဆိုတဲ့ မူအရ လုပ်ဆောင်ခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့လို့ တစ်ခန်းတစ်ကဏ္ဍ အောင်မြင်မှုရရှိခဲ့တယ် ဆိုတာကိုလည်း ကျွန်တော်တို့ မြင်ရတော့ ကျွန်တော်တို့ ညီနောင် တိုင်းရင်းသားတွေအနေနဲ့လည်း အားရကျေနပ်မိပါ တယ်ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။

အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် သွေးစည်းညီညွတ်ရေးပါတီ (UWSP) အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်းက မိန့်ခွန်းပြောကြားရာတွင် ပြည်ထောင်စုအစိုးရမှ တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ”  ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ယင်းရည်မှန်းချက် ပန်းတိုင်ရောက်အောင်  ရာသက်ပန် ကြိုးစားအားထုတ်သွားမည်ဖြစ်ပြီး အထက်ပါ နိုင်ငံရေးတောင်းဆိုမှု အကောင်အထည် မပေါ်မီကာလတွင် လက်တစ်ဖက်မှ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအလံကို လွှင့်ထူပြီး အခြားလက်တစ်ဖက်တွင် လက်နက်ဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရေးအလံကို လွှင့်ထူကာ လက်ရှိအနေအထား အခြေအနေကို ဆက်လက် စောင့်ထိန်းသွားကြမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ ဦးပေါက်ယူချန်း၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ဒီကိစ္စ (ပြည်နယ် တောင်းဆိုခြင်း) နဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့လည်း ဒါကလည်း ပြောစရာ မရှိဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒါကတော့ အခြေခံဥပဒေနဲ့ တိုက်ရိုက် ပတ်သက်မယ်လို့တော့ ကျွန်တော်တို့ ထင်ပါတယ်။ အဲကြောင့်မို့လို့ အခြေခံဥပဒေပြုပြင်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်မယ်။ ပြည်သူလူထုနဲ့ အားလုံးနဲ့လည်း သက်ဆိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”  ဟု  ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့ နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားသည်။