စကော့တလန်လက်ရွေးစင် နည်းပြရာထူးမှ မက်ကလစ်ရှ် ထုတ်ပယ်ခံရ

စကော့တလန်လက်ရွေးစင် နည်းပြရာထူးမှ မက်ကလစ်ရှ် ထုတ်ပယ်ခံရ
Photo: SNS
Photo: SNS
Published 18 April 2019

စကော့တလန်ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းနည်းပြ မက်ကလစ်ရှ်ကို ယနေ့ ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

စကော့တလန်နောက်ခံလူဟောင်း မက်ကလစ်ရှ်သည် စကော့တလန်လက်ရွေးစင်အသင်း၏ နည်းပြအဖြစ် ဒုတိယအကြိမ် ဆောင်ရွက်နေခြင်းဖြစ်ပြီး (၁၂)ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် ရာထူးမှ ထုတ်ပယ်ခံလိုက်ရခြင်းလည်းဖြစ်သည်။

အသက်(၆၀)ရှိပြီဖြစ်သည့် မက်ကလစ်ရှ်သည် အတွေ့အကြုံကြွယ်ဝသည့် ၀ါရင့်နည်းပြတစ်ဦးဖြစ်ပြီး ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့သူဖြစ်သည်။

စကော့တလန်လက်ရွေးစင်အသင်းကို ၂၀၀၇ ခုနှစ်က ပထမအကြိမ်ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် ကိုင်တွယ်ခွင့်ရခြင်းလည်းဖြစ်သည်။

သို့သော် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် ကာဇက်စတန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် စကော့တလန်ဘောလုံးအဖွဲ့ချုပ်က လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စကော့တလန်ဘောလုံးအဖွဲ့ချုပ်က ''ဘုတ်အဖွဲ့ရဲ့ သဘောတူညီမှုနဲ့ အခုလိုဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့လက်ထောက်နည်းပြတွေနဲ့ပါ လမ်းခွဲလိုက်ခြင်းဖြစ်ပါတယ်။ ယူရိုခြေစစ်ပွဲမှာ ကာဇက်စတန်ကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အပြောင်းအလဲလုပ်ဖို့ လိုအပ်ပြီလို့ ဘုတ်အဖွဲ့က သတ်မှတ်ခဲ့ပါတယ်'' ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent