အမျိုးသမီးတစ်ဦးအား ဒဏ်ရာရရှိအောင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် နစ်ကီဘတ်အား ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေး

အမျိုးသမီးတစ်ဦးအား ဒဏ်ရာရရှိအောင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် နစ်ကီဘတ်အား ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေး
Photos: Getty Images,Guardian
Photos: Getty Images,Guardian
Published 17 April 2019

 

မန်ယူအသင်း၏ အကယ်ဒမီအကြီးအကဲတစ်ဦးဖြစ်သူ နစ်ကီဘတ်သည် အမျိုးသမီးတစ်ဦးအား ဒဏ်ရာရရှိအောင် ကိုယ်ထိလက်ရောက်ကျူး လွန်ခဲ့ခြင်းအတွက် ပြီးခဲ့သည့်အင်္ဂါနေ့ က ရဲတပ်ဖွဲ့၏ ဖမ်းဆီးစစ်ဆေးခြင်း ကိုခံခဲ့ရကြောင်း သိရှိရသည်။

ဘာစီလိုနာနှင့်မန်ယူတို့ ချန်ပီယံလိဂ်ပွဲစဉ် မကစားမီ နာရီပိုင်းအလို မွန်းလွဲ (၂းဝ၀)နာရီ အချိန်တွင် ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့သည် နစ်ကီဘတ်အား ရဲစခန်းသို့ခေါ်ဆောင်၍ ထိန်းသိမ်းခဲ့ကာ ယင်းဖြစ်ရပ်အတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

မန်ချက်စတာမြို့တောင်ပိုင်း၊ ဟေးလ်အရပ်ရှိ နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်ရပ်၌ ကျူး လွန်ခံရသူ အမျိုးသမီးမှာ အသေးစား ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ သူမ၏လက်တွင် ကွဲသွားခဲ့ပြီး ဒဏ်ရာ မှာ မစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့သည်။ ဘာစီလိုနာ နှင့် မန်ယူတို့ ပွဲကစားချိန်တွင် နစ်ကီဘတ်မှာ ရဲစခန်းတွင် ထိန်းသိမ်းခံထား ရပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းမှုကို ခံနေရကြောင်း သိရှိရသည်။

ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက " ဟေးလ်အရပ်၊ ဘရော့ဝေးမှာရှိတဲ့နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦးဟာ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရတယ်လို့ တိုင်ကြားမှုရရှိခဲ့တာကြောင့် အသက် (၄၄)နှစ်အရွယ် ပုဂ္ဂိုလ်တစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ဒီအမျိုးသမီးရဲ့ လက်မှာ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို သွားစရာတော့မလိုခဲ့ပါဘူး" ဟု ပြောကြားခဲ့သည်။ နစ်ကီဘတ်သည် ၂၀၁၆ ခုနှစ်မှစတင်၍ မန်ယူအသင်း အကယ်ဒမီတွင်အဓိကတာဝန်ရှိသူအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

Most Read

Most Recent