ဟနွိုင်းနှင့် AFC CUP ပွဲမတိုင်မီရန်ကုန်အသင်းတွင် ဒဏ်ရာရကစားသမားများ ရှိနေ

ဟနွိုင်းနှင့် AFC CUP ပွဲမတိုင်မီရန်ကုန်အသင်းတွင် ဒဏ်ရာရကစားသမားများ ရှိနေ
Photos: Yangon United Facebook
Photos: Yangon United Facebook
Published 17 April 2019

 

 

ဧပြီ ၁၇ ရက် (ယနေ့) ယှဉ်ပြိုင်ကစားမည့် AFC CUP ပြိုင်ပွဲ အုပ်စုပွဲစဉ် (၄) ဖြစ် သည့် ဗီယက်နမ်ကလပ် ဟနွိုင်းအသင်းနှင့် ပွဲမတိုင်မီ ရန်ကုန်ယူနိုက်တက်အသင်းတွင် ဒဏ်ရာရကစားသမားများ ရှိနေကြောင်း သိရသည်။

တိုက်စစ်မှူး စိုးမင်းနိုင်၊ ဂိုးသမား ဆန်းဆက်နိုင်နှင့် နောက်ခံလူ သိန်းဇော်တို့မှာ ယနေ့ပွဲကို လွဲချော်မည်ဖြစ်ပြီး စိုးမင်းနိုင်မှာ နောက်ပိုင်းပွဲများတွင် ပွဲထွက်ခွင့်ရလာသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက လေ့ကျင့်ခန်း အစီအစဉ်တွင် တင်ပဆုံဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဆန်းဆက်နိုင်မှာမူ ခြေဖမိုးဒဏ်ရာရနေပြီး သိန်းဇော်မှာမူ ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်အသင်း၏ပွဲအများစုကို လွဲချော်လျက်ရှိသည်။

ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းသည် ဟနွိုင်းအသင်းကို အနိုင်ရခဲ့သည့် ပထမအကျော့ပွဲမှ လူစာရင်းကို အပြောင်းအလဲများစွာပြုလုပ်မည်မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာရနေသည့် စိုးမင်းနိုင်နေရာတွင် ကျော်ဇင်ဦးကို အသုံးပြုဖွယ်ရှိကြောင်း သိရသည်။ ရန်ကုန်အသင်း သည် ပထမအကျော့သုံးပွဲတွင် တစ်ပွဲသာ အနိုင်ရခဲ့သည်။

Most Read

Most Recent