ဗိုလ်လုပွဲ ကျင်းပမည့်နေ့တွင် အီဖယ်မျှော်စင်အား ပိတ်ထားမည်

ဗိုလ်လုပွဲ ကျင်းပမည့်နေ့တွင် အီဖယ်မျှော်စင်အား ပိတ်ထားမည်
Published 14 July 2018

ကမ္ဘာ့ဖလားဗိုလ်လုပွဲကျင်းပမည့် ဇူလိုင် ၁၅ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ အီဖယ်မျှော်စင်အား လုံခြုံရေးအရ ပိတ်ထားမည်ဖြစ်ကြောင်း မျှော်စင်စီမံခန့်ခွဲမှုအဖွဲ့က အတည် ပြုထုတ်ပြန်သည်။

ပြင်သစ်နှင့် ခရိုအေးရှားအသင်း ယှဉ် ပြိုင်ကစားမည့် ဗိုလ်လုပွဲကို အီဖယ်မျှော်စင်နံဘေးရှိ Champ de Mars ပန်းခြံတွင် ကြီးမားသည့်ဖန်သားပြင်ဖြင့် ပြသမည်ဖြစ်ပြီး ပရိသတ်သိန်းဂဏန်းခန့် လာရောက်ကြည့်ရှု ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ထို့ကြောင့် လုံခြုံရေးအခြေအနေအရ အီဖယ်မျှော်စင်အား ပိတ်ထားမည်ဖြစ်ပြီး ယင်းဧရိယာတစ်ဝိုက်တွင် လုံခြုံရေးအင်အား ၁၂,၀၀၀ ချထား မည်ဖြစ်သည်။

ထို့ပြင် ယခုတစ်ပတ် စနေ၊ တနင်္ဂနွေတွင် ပြင်သစ်နိုင်ငံတစ်ဝန်း လုံခြုံ ရေးအင်အား ၁၁၀,၀၀၀ အထိ တိုးမြှင့်ချထား မည်ဖြစ်ကြောင်း ပြည်ထဲဝန်ကြီးဂျာရတ်ကော် လွန့်က အတည်ပြု ပြောကြားသည်။

အီဖယ်မျှော်စင်၏စီမံခန့်ခွဲမှုကုမ္ပဏီ SETEက ပါရီရဲတပ်ဖွဲ့၏လုံခြုံရေးအကြောင်းပြချက်များဖြင့် တောင်းဆိုမှုကြောင့် မျှော်စင်ကိုပိတ်ထားရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။

 

Most Read

Most Recent