ရီးယဲလ်အသင်းမှာ ကစားသမားတိုင်း၏အိပ်မက်ဟု ဟာဇက် ဖွင့်ဟ

ရီးယဲလ်အသင်းမှာ ကစားသမားတိုင်း၏အိပ်မက်ဟု ဟာဇက် ဖွင့်ဟ
Published 11 July 2018

ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံ လက်ရွေးစင်တောင်ပံတိုက်စစ်သမား ဟာဇက်က ရီးယဲလ်အသင်းတွင် ကစားခွင့်ရရှိရေး မှာ ကစားသမားတိုင်း၏အိပ်မက်ဖြစ်ကြောင်း ပြင်သစ်-ဘယ်လ်ဂျီယံပွဲမတိုင်မီ ပြောကြားခဲ့သည်။

BeIN SPORTSရုပ်သံသတင်းဌာနက မေးမြန်းမှုကို ဟာဇက်က ယခုကဲ့သို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။

''ဇီဒန်းမရှိတာနဲ့ အိပ်မက် တွေ လျော့နည်းသွားပါ့မလား။ ဇီဒန်းဟာ စပါယ်ရှယ်လူသားတစ်ဦးပါ။ ဒါဟာ အမှန် တရားပါပဲ။ ဒါပေမဲ့ ကစားသမားတိုင်းကတော့ ရီးယဲလ်မှာကစားလိုတယ်လို့ ကျွန်တော် ယူဆ ပါတယ်။ ဇီဒန်း ရှိခြင်း၊ မရှိခြင်းနဲ့ မဆိုင်ပါ ဘူး။ အဖြူရောင်ဂျာစီ (ရီးယဲလ်ဝတ်စုံ) က စပါယ်ရှယ်ပါ။ အပြာရောင်ဂျာစီ (ချယ်လ်ဆီး ဝတ်စုံ) ကလည်း ကျွန်တော်နဲ့လိုက်ပြီး ဝတ် ဆင်တိုင်း ဘာမှစိတ်ရှုပ်စရာမရှိပါဘူး။ အခု က ကမ္ဘာ့ဖလားကာလပါ။ ဒါကို ကျွန်တော် အနည်းဆုံး အကြိမ်တစ်ရာလောက် ပြောပြီး ပါပြီ။ ကျွန်တော်က ချယ်လ်ဆီးမှာပဲရှိနေဆဲ ဖြစ်ပြီး လက်ရှိအခြေအနေမှာ ကျွန်တော့်ကို ဘယ်ကမ်းလှမ်းမှုမှလည်း မရှိပါဘူး''ဟု ဟာ ဇက်က ပြောကြားခဲ့သည်။

အစောပိုင်းတွင်မူ ဟာဇက်က ပြီးခဲ့သည့်ရာသီကထက် ပိုမိုတိုး တက်သည့်အနေအထားရှိမှသာ ချယ်လ်ဆီး အသင်းတွင် ဆက်နေသွားလိုကြောင်းနှင့် လာမည့်ရာသီတွင် အသင်းနည်းပြဖြစ်သူကို စောင့်မျှော်နေကြောင်း ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီတွင် တရားဝင်ဖွင့်ဟထားခဲ့သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလက ရေးသားခဲ့သည့် Marca ၏သတင်းတွင်မူ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားသလား မေးမြန်း မှုကို ''ခင်ဗျားတို့ ဘာမှမသိပါဘူး''ဟုသာ တုံ့ပြန်ခဲ့သည်။

လက်ရှိတွင် ရီးယဲလ်အသင်းမှ စီရော် နယ်လ်ဒို ထွက်ခွာသွာခဲ့ပြီဖြစ်သော ကြောင့် ဟာဇက်နှင့် တိုက်ရိုက်အစားထိုးဖွယ်ရှိနေသည်ဟု သတင်းများလည်း ပိုမိုထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ရီးယဲလ်အသင်း၏ အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းကလည်း နွေရာသီ အပြောင်းအရွှေ့ကာလ ထိပ်တန်းကစားသမားခေါ်ယူမှုအဖြစ် ဟာဇက်ကို ကမ်းလှမ်းသွားရန်အသင့်ရှိနေကြောင်း စပိန်ထုတ် SPORTသတင်းစာက ရေးသားခဲ့သည်။

Photos: AFP