အွန်နရီ အသင်းရွေးမှားကြောင်း သက်သေပြမည်ဟု ဂျရူး ကြုံးဝါး

အွန်နရီ အသင်းရွေးမှားကြောင်း သက်သေပြမည်ဟု ဂျရူး ကြုံးဝါး
Published 9 July 2018

 

Photo: AFP

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂျရူးက ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီအနေဖြင့် အသင်းရွေးချယ်မှု မှားယွင်းသွားပြီဆိုသည်ကို ပြင်သစ်-ဘယ်လ်ဂျီယံ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြသမည်ဟု ကြုံးဝါးပြောဆိုခဲ့သည်။

ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီမှာ လက်ရှိတွင် ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်၏လက်အောက်၌ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဂျရူးက "ဒီပွဲမှာ အွန်နရီက ကျွန်တော်တို့ကို ဆန့်ကျင် ဘက်ရင်ဆိုင်မှာကတော့ အတော့်ကို ကိုးရိုးကားရားနိုင်တာပါပဲ။ ဒါပေမဲ့ သူ အသင်းရွေးမှားသွားပြီဆိုတာကို ကျွန်တော်တို့ သက်သေပြပါမယ်။ အမှန်တကယ်ဆိုရင် ကျွန်တော်တို့အသင်းဘက်မှာ သူရှိတာကို ကျွန်တော် မြင်ချင်ပါတယ်။ တကယ်လို့သာ သူရှိနေရင် ပြင်သစ်တိုက်စစ်မှူး တွေကို အကြံဥဏ်ကောင်းတွေ ပေးနိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော် အခုချိန်မှာ မနာလိုပြီးပြောနေတာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။