မက်ဆီကို စာနာကြာင်း ခရိုးအေးရှားအသင်းခေါင်းဆောင် မိုဒရစ် ပြောကြား

မက်ဆီကို စာနာကြာင်း ခရိုးအေးရှားအသင်းခေါင်းဆောင် မိုဒရစ် ပြောကြား
Published 22 June 2018

Photo: GOOL24

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်က အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီအပေါ် စာနာကြောင်း ပြောကြားခဲ့သည်။

ကြာသပတေးညက ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် မက်ဆီ၏ အာဂျင်တီးနားအသင်းမှာ ခရိုအေးရှားအသင်းကို (ဝ-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက်မှာ မှေးမှိန်ခဲ့ရသည်။

မိုဒရစ်က "မက်ဆီဟာ တကယ်ကောင်းတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်း ကောင်းနေရုံနဲ့ မရပါဘူး။ ဘယ်လောက်ကြီးကျယ်တဲ့ ကစားသမားဖြစ်နေပါစေ ဘောလုံးမှာ အသင်းဖော်တွေရဲ့ အကူအညီကို လိုအပ်ပါတယ်။ ဒီပွဲမှာလည်း မက်ဆီ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသင်းလိုက် ကစားအားကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းကို (၃)ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ခရိုအေးရှားအသင်းသည် အုပ်စု(D)တွင် (၂)ပွဲကစား (၂)ပွဲနိုင်ဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သော်လည်း အာဂျင်တီးနားအသင်းမှာမူ နောက်တစ်ဆင့် တက်ရောက်နိုင်ရေးအတွက် အိုက်စလန်နှင့် နိုင်ဂျီးရီးယားတို့၏ ပွဲရလဒ်အပေါ်တွင် မူတည်နေသလို၊ နောက်ဆုံးပွဲတွင် အနည်းဆုံး အနိုင်ကစားနိုင်ရန် လိုအပ်နေသည်။