တနင်္လာနေ့က လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့သည့် နေမာ၏ကြံ့ခိုင်မှု စိုးရိမ်ဖွယ်အခြေအနေရှိ

တနင်္လာနေ့က လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့သည့် နေမာ၏ကြံ့ခိုင်မှု စိုးရိမ်ဖွယ်အခြေအနေရှိ
Published 19 June 2018

Photo:AFP

ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် တနင်္လာနေ့က အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိသည့်အတွက် ပရိ သတ်များက စိုးရိမ်နေကြကြောင်း သိရှိရသည်။

နေမာသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်း၏ ဦးဆောင်ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဘ ရာဇီးလ်အသင်းမှာလည်း ဗိုလ်စွဲရန် ရေပန်းအ စားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

သို့ သော် နေမာက မိမိအနေဖြင့် ရာနှုန်းပြည့်ကြံ့ ခိုင်မှုပြည့်ဝနေပြီဟု မယူဆကြောင်း ဝန်ခံခဲ့ သလို၊ ဘရာဇီးလ်အသင်းမှာလည်း အုပ်စုအ ဖွင့်ပွဲတွင် နိုင်ပွဲပျောက်ဆုံးခဲ့သည်။

ထို့ပြင် ဆွစ် ဇာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ယင်းပွဲစဉ်တွင် နေမာသည် ပြိုင်ဘက်ကစား သမားများ၏ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုများ ကြောင့် ထိခိုက်မှုများရှိခဲ့ကြောင်း သိရှိရသည်။

နေမာသည် တနင်္လာနေ့က လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့သည့်အတွက် နည်းပြ ထိထီက ကော်စတာရီကာနှင့်ပွဲတွင် အနားပေးဖွယ်ရှိ ကြောင်းလည်း သတင်းများထွက်နေသည်။