ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိခဲ့သည့် ဝုလ်ဗ်အသင်း အောင်ပွဲခံရန် စီစဉ်နေ

ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိခဲ့သည့် ဝုလ်ဗ်အသင်း အောင်ပွဲခံရန် စီစဉ်နေ
Published 17 April 2018

Photo: PA

အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယနေရာမှ ဖူလ်ဟမ်အသင်းကို (၃)ပွဲအလိုတွင် (၁၃)မှတ်ဖြတ်ပြီး လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိခဲ့ပြီဖြစ်သည့် ဝုလ်ဗ်အသင်းသည် အောင်ပွဲခံရန် စီစဉ်နေကြောင်း သိရှိရသည်။

ဝုလ်ဗ်အသင်းသည် ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့်တစ်နေရာ ရယူနိုင်ခဲ့သည့်အပြင် လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ၏ ချန်ပီယံဆုကိုလည်း ရယူနိုင်ရန် နီးစပ်နေပြီဖြစ်သည့်အတွက် အောင်ပွဲခံရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝုလ်ဗ်အသင်းသည် ဒုတိယနေရာမှ ကာဒစ်ဖ်အသင်းထက် တစ်ပွဲပိုကစားထားသော်လည်း ကာဒစ်ဖ်အသင်း (၄)ပွဲကစားရန် ကျန်ရှိနေချိန်တွင် (၁၂)မှတ်ဖြတ်ထားနိုင်သည့်အပြင် ဂိုးကွာခြားချက်တွင် အသာစီးရရှိထားသည့်အတွက် ချန်ပီယံဖြစ်ရန် သေချာသလောက်ဖြစ်နေပြီဖြစ်သည်။

ထို့ကြောင့် ဝုလ်ဗ်အသင်း၏ လက်ကျန်(၃)ပွဲစလုံးအတွက် လက်မှတ်များကို ပရိသတ်များက လက်ကျန်မရှိသည်အထိ ဝယ်ယူထားကြောင်းလည်း သိရှိရသည်။

ဝုလ်ဗ်အသင်းသည် မြို့အတွင်းလှည့်လည်အောင်ပွဲခံရန်အတွက် ဝုလ်ဗာဟန်တန်မြို့တော်ကောင်စီ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။