ဥရောပထိပ်သီးအသင်းများ၏ ပစ်မှတ် အီမိုဘီလီနှင့် မီလင်ကိုဗစ်တို့ကို လာဇီယို စာချုပ်သက်တမ်းတိုးမည်

ဥရောပထိပ်သီးအသင်းများ၏ ပစ်မှတ် အီမိုဘီလီနှင့် မီလင်ကိုဗစ်တို့ကို လာဇီယို စာချုပ်သက်တမ်းတိုးမည်
Published 24 September 2018

ဥရောပထိပ်သီးအသင်းများ၏ ပစ်မှတ်ကစားသမားများဖြစ်သည့် အီမိုဘီ လီနှင့် မီလင်ကိုဗစ်တို့ကို မကြာမီစာချုပ်သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း လာဇီယိုအသင်းအားကစားဒါရိုက်တာ အစ်လီတာရီက ပြောကြားခဲ့သည်။

စာ ချုပ်သစ်များအရ အီမိုဘီလီနှင့် မီလင်ကိုဗစ်တို့သည် တစ်နှစ်လစာငွေများတိုး မြှင့်ရရှိသွားမည်လည်းဖြစ်သည်။

အီမိုဘီလီ၏ စာချုပ်သစ်နှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးသော်လည်း လာဇီယိုအသင်းသည် မီလင်ကိုဗစ်ကို တစ်နှစ်လစာ ယူရို (၃)သန်းနှင့် အပိုဆုကြေးများတိုးပေး၍ စာချုပ်သက်တမ်း တိုးသွားရန် စီစဉ်ထားသည်။

သို့သော် လာဇီယိုအသင်းသည် မီလန်ကိုဗစ်၏ စာချုပ်သစ်တွင် အခြားအသင်းသို့ ပြောင်းရွှေ့ပါက လျော်ကြေးပေးရမည့်အချက် ကို မထည့်သွင်းခဲ့ကြောင်း သိရသည်။

မီလင်ကိုဗစ်ကို ပရီးမီးယားလိဂ်ထိပ်သီး မန်ယူ၊ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားခဲ့သလို ဂျူဗင်တပ်စ်၊ အေစီမီလန် အသင်းတို့က ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။

အီမိုဘီလီနှင့် မီလင်ကိုဗစ်တို့၏ လာဇီယိုကစားသမားဘ၀ စွမ်းဆောင်ရည်များ

အမည် ပွဲ သွင်းဂိုး ဂိုးဖန်တီးမှု
မီလင်ကိုဗစ် ၁၂၇ ပွဲ ၂၄ ဂိုး ၂၀ ကြိမ်
အီမိုဘီလီ ၉၃ ပွဲ ၆၉ ဂိုး ၁၇ ကြိမ်

Most Read

Most Recent