နိုင်ပွဲစပျောက်တဲ့ လာလီဂါထိပ်သီး ဘာစီလိုနာ

နိုင်ပွဲစပျောက်တဲ့ လာလီဂါထိပ်သီး ဘာစီလိုနာ
Published 24 September 2018

(Photo by Pau Barrena / AFP)

လာလီဂါလက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ ဟီရိုနာကို အနိုင်မကစားနိုင်ဘဲ (၂)ဂိုးစီ သရေကျခဲ့လို့ နိုင်ပွဲစပျောက်ခဲ့ရပါတယ်။

(၃၅)မိနစ်ကတည်းက ဘာစီလိုနာနောက်ခံလူ လွန်းဂလတ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရပြီး ဘာစီလိုနာရဲ့ဂိုးတွေကို မက်ဆီ၊ ပီကေးတို့က သွင်းယူကာ ဟီရိုနာအတွက် ဂိုး(၂)ဂိုးစလုံးကို စတူအာနီက သွင်းပေးခဲ့ပါတယ်။

မက်ဆီဟာ ၂၀၁၈ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးသွင်းအများဆုံးအဖြစ် (၃၄)ဂိုးအထိရှိလာပြီး လာလီဂါပွဲအများဆုံး စပိန်ပြင်ပကစားသမားအဖြစ် (၄၂၃)ပွဲနဲ့ စံချိန်တင်ခဲ့ပါတယ်။

ဟီရိုနာတိုက်စစ်မှူး စတူအာနီကတော့ (၂၁)ရာစုရဲ့သက္ကရာဇ်နှစ်တစ်ခုအတွင်းမှာ ရီးယဲလ်၊ ဘာစီလိုနာ (၂)သင်းစလုံးကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းက စီရော်နယ်လ်ဒို၊ ဘာနာဒက်ခီတို့ရဲ့သွင်းဂိုးတွေနဲ့ ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ ရာသီအဖွင့် ပြိုင်ပွဲစုံ(၆)ပွဲဆက်အနိုင်ရမှုဟာ (၅)ကြိမ်မြောက်အဖြစ် အသင်းသမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

(Photo by Filippo MONTEFORTE / AFP)

■ တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်ရလဒ်များ

ပရီးမီးယားလိဂ်

ဝက်စ်ဟမ်း ဝ-၀ ချယ်လ်ဆီး

အာဆင်နယ် ၂-၀ အဲဗာတန်

လာလီဂါ

လီဗန်တေး ၂-၆ ဆီဗီလာ

ဗီလာရီးယဲလ် ဝ-၀ ဗလင်စီယာ

ဘက်တစ် ၂-၂ ဘီလ်ဘာအို

ဘာစီလိုနာ ၂-၂ ဟီရိုနာ

စီးရီးအေ

တိုရီနို ၁-၃ နာပိုလီ

ဘိုလော့ဂ်နာ ၂-၀ ရိုးမား

ချီယေဗို ဝ-၂ အူဒီးနီးစ်

လာဇီယို ၄-၁ ဂျီနိုအာ

အေစီမီလန် ၂-၂ အတ္တလန်တာ

ဖရိုဆီနိုနီ ဝ-၂ ဂျူဗင်တပ်စ်

ဘွန်ဒစ်လီဂါ

လေဗာကူဆင် ၁-၀ မိန့်ဇ်

ဖရန့်ဖတ် ၁-၁ လိုက်ပ်ဇစ်

ပြင်သစ်လီဂူး

ရန်းစ် ၁-၃ PSG

ဂူအင်ဂမ့် ၁-၃ ဘော်ဒို

းလိုင်ယွန် ၄-၂ မာဆေးလ်