မိုဒရစ်ကို အင်တာမီလန်မှ တရားမဝင်ချဉ်းကပ်ခဲ့မှုအတွက် ဖီဖာထံသို့ ရီးယဲလ် တိုင်ကြား

မိုဒရစ်ကို အင်တာမီလန်မှ တရားမဝင်ချဉ်းကပ်ခဲ့မှုအတွက် ဖီဖာထံသို့ ရီးယဲလ် တိုင်ကြား
Published 18 August 2018

အင်တာမီလန်အသင်းသည် ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်ကို ခေါ်ယူရန်ကြိူးပမ်းရာတွင် တရားမဝင်ချဉ်းကပ်ခဲ့ကြောင်း ရီးယဲလ်အသင်းက ဖီဖာထံသို့ တိုင်ကြားခဲ့သည်။

(၃၂)နှစ်အရွယ်ရှိ ဝါရင့်ကွင်းလယ်လူ မိုဒရစ်မှာ စီးရီးအေသို့ပြောင်းရွှေ့ရန် အင်တာမီလန်နှင့် ချိတ်ဆက်မှုများရှိခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

အင်တာမီလန်အသင်းကမူ ယင်းတိုင်ကြားမှုမှာ သက်သေမပြနိုင်သော အထောက်အထားတစ်ခုပေါ်တွင် အခြေခံပြီး စွပ်စွဲခဲ့ခြင်းသာဖြစ်သည်ဟု BBC Sports သို့ ပြောကြားခဲ့သည်။

ထို့ပြင် အင်တာမီလန်အသင်းက ကစားသမားနှင့် တိုက်ရိုက်ဆက်သွယ်ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ဖီဖာ၏စုံစမ်းစစ်ဆေးမှုသည် သာမန်ဖြစ်စဉ်သာဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က မိုဒရစ် အသင်းမှထွက်ခွာမည့်နည်းလမ်းမှာ စာချုပ်လျော် ကြေး ယူရိုသန်း ၇၅၀ ပေးမှသာ ဖြစ်ပေါ်မည်ဖြစ်ကြောင်းလည်း ယခုလအတွင်း ပြောကြားခဲ့သည်။

စီးရီးအေအပြောင်းအရွှေ့မှာ သြဂုတ် ၁၇ ရက်က ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မိုဒရစ်သည် ၂၀၁၂ ခုနှစ်တွင် ရီးယဲလ်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လာလီဂါဖလား (၁)ကြိမ် နှင့် ချန်ပီယံလိဂ်ဖလား (၄)ကြိမ် ဆွတ်ခူးခဲ့သည်။

အင်တာမီလန်အသင်းမှာ ယခုရာသီတွင် ၂၀၁၁-၁၂ နောက်ပိုင်း ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိထားသည့်အသင်းဖြစ်သည်။