လာမည့်ရာသီတွင် ဝတ်ဆင်မည့် ဝတ်စုံသစ်ကို စပါးအသင်း မိတ်ဆက်ပြသ

လာမည့်ရာသီတွင် ဝတ်ဆင်မည့် ဝတ်စုံသစ်ကို စပါးအသင်း မိတ်ဆက်ပြသ
Published 20 July 2018

Photo: SpursOfficial

စပါးအသင်းသည် လာမည့်ရာသီတွင် ဝတ်ဆင်မည့် အိမ်ကွင်းနှင့် အဝေးကွင်း ဝတ်စုံသစ်များကို မိတ်ဆက်ပြသလိုက်ကြောင်း သိရှိရသည်။
Nike မှ ဖန်တီးပေးထားသော ယင်းဝတ်စုံသစ်များကို တိုက်စစ်မှူး ဟာရီကိန်းဦးဆောင်သော ကစားသမားများက ဝတ်ဆင်ပြသခဲ့ပြီး (၁၀၄)စက္ကန့်ကြာမြင့်သည့် ဗီဒီယိုဖိုင်လည်း တင်ဆက်ခဲ့ကြောင်း သိရှိရသည်။


စပါးအသင်း၏ အိမ်ကွင်းအင်္ကျီသစ်မှာ အဖြူရောင်ပင်ဖြစ်သော်လည်း အောက်ပိုင်းတွင် ဘောင်းဘီအရောင်ဖြစ်သည့် နက်ပြာရောင်နှင့် ရောစပ်ထားသည်။
အင်္ကျီကို ပေါင်(၉၀)၊ ဘောင်းဘီကို (၅၅)ပေါင်၊ ခြေအိတ်ကို (၁၅)ပေါင်သတ်မှတ်ထားသည့်အတွက် တစ်စုံလျှင် ပေါင်(၁၆၀)ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။
စပါးအသင်းသည် လာမည့်ရာသီတွင် ကွင်းသစ်၌ ပြောင်းရွှေ့ကစားသွားမည်ဖြစ်ပြီး ပထမဆုံးကွင်းသစ်ဖွင့်ပွဲအဖြစ် စက်တင်ဘာ(၁၅)တွင် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent