လေနိုအတွက် စတုဂတ်အသင်း ယူရို(၂.၅)သန်း ရမည်

လေနိုအတွက် စတုဂတ်အသင်း ယူရို(၂.၅)သန်း ရမည်
Published 21 June 2018

 

 

အာဆင်နယ်အသင်းက ဂျာမန်ဂိုးသမား ဘန်းလေနို ကိုခေါ်ယူခဲ့ခြင်းကြောင့် စတုဂတ်အသင်းသည် ယူရို(၂.၅)သန်းခန့်ရရှိမည်ဖြစ်ကြောင်း ဂျာမန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

စတုဂတ်အသင်းသည် လေဗာကူဆင်အသင်းထံ ဘန်းလေနိုကိုရောင်းချစဉ်က သူ့အား လေဗာကူဆင်အသင်းရောင်းချလျှင် ပြောင်းရွှေ့ကြေး၏ (၁၀)ရာခိုင် နှုန်းခံစားခွင့်ပေးရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဘန်းလေနို၏ အပြောင်းအရွှေ့မှာ တန်ဖိုး ယူရို(၂၅)သန်းနီးပါးရှိ၍ စတုဂတ်အသင်းသည် လေဗာကူဆင်အသင်းထံမှ ယူရို(၂.၅)သန်းခန့်ရရှိမည်ဖြစ်သည်။ သူ့အား ရောင်းချစဉ်က စတုဂတ်အသင်းသည် ယူ ရို(၇.၅)သန်းရရှိခဲ့သည်။