စီရော်နယ်လ်ဒိုအား အခွင့်အရေးပေးသွားမည်မဟုတ်ဟု အာနိုးလ် ဆို

စီရော်နယ်လ်ဒိုအား အခွင့်အရေးပေးသွားမည်မဟုတ်ဟု အာနိုးလ် ဆို
Published 22 May 2018

Photo:TalkSPORT

လီဗာပူးလ်အသင်း၏ ညာနောက်ခံလူငယ်ကစားသမား အာနိုးလ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အဓိကရင်ဆိုင်ရမည့် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒိုအား အခွင့်အရေးပေးသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

''ဒီလို အခိုက်အတန့်၊ ဒီလိုပွဲမျိုးကို ကစားခွင့်ရဖို့ လွန်ခဲ့တဲ့(၁၃)နှစ်လောက်ကတည်းက ကြိုတင်လေ့ကျင့်ခဲ့ရတာပါ။ စီရော်နယ်လ် ဒိုကို အခွင့်အရေးပေးမှာမဟုတ်ဘဲ သူ့ရဲ့အကောင်းဆုံးပုံစံ မတွေ့ရအောင် ထိန်ချုပ်သွားမှာပါ''ဟု အာနိုးလ်က ဆိုခဲ့သည်။

အသက်(၁၉)နှစ်အရွယ်ကစားသမားသည် ယခုရာသီ လီဗာပူးလ်အသင်း၌ ပုံစံကောင်းပြနေသူတစ်ဦးဖြစ်သည်။