စတုတ်စီးတီးကို အနိုင်ကစားပြီး တတိယနေရာက လီဗာပူးလ်နဲ့ အမှတ်တူဖြစ်လာတဲ့ စပါး

စတုတ်စီးတီးကို အနိုင်ကစားပြီး တတိယနေရာက လီဗာပူးလ်နဲ့ အမှတ်တူဖြစ်လာတဲ့ စပါး
Published 8 April 2018

 

ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) စနေ (၈း၃၀)ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ စပါးက စတုတ်စီးတီးကွင်းမှာ အနိုင်ကစားပြီး တတိယနေရာက လီဗာပူးလ်နဲ့ အမှတ်တူ ဖြစ်လာခဲ့ပါတယ်။

တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ စတုတ်စီးတီးအသင်းဟာ အိမ်ကွင်းမှာ အမှတ်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ပရီးမီးယားလိဂ် (၄)ပွဲဆက် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စပါးတိုက်စစ်မှာ တိုက်စစ်မှူး ဟာရီကိန်း ပြန်လည်ပွဲထွက်လာပြီး ဆွန်ဟောင်မင်၊ အယ်လီ၊ အဲရစ်ဆင်၊ ဒမ်ဘီလီ၊ ဝမ်ယာမာတို့နဲ့ တွဲကစားခဲ့ပါတယ်။

စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူခဲ့ပေမယ့် ပထမပိုင်းမှာ စတုတ်စီးတီး ဂိုးပေါက်ကို မယ်မယ်ရရ ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်း (၅၂)မိနစ်မှာတော့ အယ်လီရဲ့ ဖန်တီးမှုကနေ အဲရစ်ဆင်က စပါးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး အယ်လီအတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၀)ကြိမ်မြောက် ဂိုးဖန်တီးမှု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ (၅၇)မိနစ်မှာတော့ စတုတ်စီးတီးအသင်း မမျှော်လင့်ဘဲ ချေပဂိုးပြန်ရသွားခဲ့ပါတယ်။ စပါးဂိုးသမား လိုရစ် ရှင်းထုတ်မှုအမှားကနေ စတုတ်စီးတီး တိုက်စစ်မှူး ဂျု့ဖ် ကန်သွင်းခွင့်ရခဲ့တာပါ။

ဒါပေမဲ့ (၆၃)မိနစ်မှာတော့ အဲရစ်ဆင်က ဖရီးကစ်ကတစ်ဆင့် ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ အဲရစ်ဆင်က ဖရီးကစ်ကို ဖြတ်တင်ပေးပို့ခဲ့တာဖြစ်ပြီး ဟာရီကိန်း ခေါင်းတိုက်ခဲ့ပေမယ့် မထိခဲ့ဘဲ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရခဲ့တာကြောင့် စပါးအနေနဲ့ အဆင့်(၃)နေရာက လီဗာပူးလ်နဲ့ အမှတ်တူအနေအထားဖြစ်သွားပြီး တစ်ပွဲလျော့နေတဲ့ စပါးက အဆင့်(၃)နေရာအတွက် ပိုမိုအလေးသာသွားခဲ့ပါတယ်။

ဒီနေ့ အစောဆုံးကစားခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီက ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပေမယ့် ည(၈း၃၀)မှာ ကစားခဲ့တဲ့ (၆)ပွဲမှာတော့ တစ်သင်းမှ Clean Sheet မရခဲ့ဘဲ အပြန်အလှန်ဂိုးတွေ သွင်းယူခဲ့ကြပါတယ်။ ဒါ့အပြင် အိမ်ရှင်အသင်း တစ်သင်းမှ မနိုင်ခဲ့ဘဲ နယူးကာဆယ်၊ စပါး၊ ဘန်လေတို့ ဧည့်သည်(၃)သင်း အနိုင်ရရှိခဲ့ပြီး ကျန်ပွဲတွေက သရေကျခဲ့ပါတယ်။

 

■ ပရီးမီးယားလိဂ်ရလဒ်များ
အဲဗာတန် ဝ-၀ လီဗာပူးလ်
ဘုန်းမောက် ၂-၂ ခရစ္စတယ်ပဲလေ့စ်
ဘရိုက်တန် ၁-၁ ဟတ်ဒါဖီးလ်
လက်စတာ ၁-၂ နယူးကာဆယ်
စတုတ်စီးတီး ၁-၂ စပါး
ဝက်ဖို့ဒ် ၁-၂ ဘန်လေ
ဝက်စ်ဘရွန်း ၁-၁ ဆွမ်ဆီး
မန်စီးတီး - မန်ယူ

Photo: PA

Photo: DailyMail

Photo: Reuters

■ လာလီဂါရလဒ်များ
အလာဗတ်စ် ၂-၀ ဂီတာဖေး

■ စီးရီးအေရလဒ်များ
ဘင်နီဗန်တို ၂-၄ ဂျူဗင်တပ်စ်

■ ဘွန်ဒစ်လီဂါရလဒ်များ
ကိုလုံး ၁-၁ မိန့်ဇ်
ဖရိုင်းဘတ် ဝ-၂ ဝုလ်ဖ်ဘတ်
မိုချန်ဂလာဘတ် ၂-၁ ဟာသာဘာလင်
အော့စ်ဘတ် ၁-၄ ဘိုင်ယန်မြူးနစ်

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဘန်စလေ ၃-၂ ရှက်ဖီးယူနိုက်တက်
နောဝစ်ချ် ၃-၁ အက်စတွန်ဗီလာ
ဘာမင်ဂမ် ၁-၁ ဘာတန်
ဘရန့်ဖို့ဒ် ၁-၀ အစ်ဝစ်ချ်
ဒါဘီ ၃-၀ ဘော်လ်တန်
ဟားလ်စီးတီး ၄-၀ QPR
လိဒ်စ် ၁-၁ ဆန်းဒါးလန်း
မစ်ဒယ်ဘရော့ ၂-၀ နော်တင်ဟမ်
မီဝေါလ် ၂-၀ ဘရစ္စတိုးလ်စီးတီး
ရက်ဒင်း ၁-၀ ပရက်စတန်
ရှက်ဖီးဝင်းစ်ဒေး ဝ-၁ ဖူလ်ဟမ်