ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် ရမှတ်တူညီပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် ရမှတ်တူညီပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်
Published 15 August 2017

Photo: kualalumpur2017

မလေးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ အုပ်စုတွင်းပွဲစဉ်များတွင် ဆီမီးဖိုင်နယ်တက်ရောက်ရန် အသင်းများ ရမှတ်တူညီနေပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲစည်းမျဉ်းအရ အသင်းနှစ်သင်း ရမှတ်တူညီနေလျှင် အုပ်စုတွင်းပွဲစဉ်များ၏ ဂိုးကွာခြားချက်ဖြင့်လည်းကောင်း၊ ဂိုးကွာခြားချက်ထပ်မံတူညီနေလျှင် သွင်း ဂိုးအရေအတွက်ဖြင့်လည်းကောင်း ဆုံးဖြတ်မည်ဖြစ်သည်။

ယင်းအချက်များအားလုံးတူညီသည့် အသင်း နှစ်သင်း (သို့မဟုတ်) နှစ်သင်းထက်ပိုများနေပါက ၎င်းတို့အချင်းချင်း ထိပ်တိုက်တွေ့ ဆုံရာတွင် ရမှတ်ပိုမိုရယူနိုင်သည့်အသင်း၊ ထိပ်တိုက်တွေ့ဆုံရာတွင် ဂိုးကွာခြားချက်အသာရသည့်အသင်း၊ ထိပ်တိုက်တွေ့ဆုံရာတွင် သွင်းဂိုးပိုများသည့်အသင်း စသည့်အချက်များဖြင့် ဆုံးဖြတ်မည်ဖြစ်ပြီး အထက်ပါအချက်များ ထပ်မံတူညီနေပါက ကွင်းအတွင်း၌ ၎င်းင်းတို့နှစ်သင်း ယှဉ်ပြိုင်ကစားနေလျှင် ပယ်နယ်တီအဆုံးအဖြတ်ခံယူရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent