အလန်ပါဂျူး၏အနာဂတ် ယခုတစ်ပတ် အဆုံးအဖြတ်ဖြစ်ဖွယ်ရှိ

အလန်ပါဂျူး၏အနာဂတ် ယခုတစ်ပတ် အဆုံးအဖြတ်ဖြစ်ဖွယ်ရှိ
Published 22 February 2018

 

 

Photo: Expressandstar

 

 

ဝက်စ်ဘရွန်းအသင်းနည်းပြ အလန်ပါဂျူး၏အနာဂတ်မှာ ယခုတစ်ပတ်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အဆုံးအဖြတ်ဖြစ်လာဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

ဝက်စ်ဘရွန်းအသင်းသည် ယခုတစ်ပတ်တွင် အိမ်ကွင်း၌ တန်းတက် ဟတ်ဒါဖီးလ်အသင်းနှင့်ကစားရမည်ဖြစ်ပြီး အကယ်၍ ရလဒ်မကောင်းခဲ့ပါက အသင်းတာဝန်ရှိသူများက ၎င်းအား ရာထူးမှထုတ်ပယ်ဖွယ်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်ပတ်က ဝက်စ်ဘရွန်းအသင်းသည် ဘာစီလိုနာမြို့သို့ အသင်းလိုက် လေ့ကျင့်ခန်းခရီးသွားရောက်ရာတွင် အမှန်တကယ်လေ့ကျင့်ချိန်မှာ (၃)နာရီသာရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။

Most Read

Most Recent