နယူးယောက်စီးတီးမှ ဂျက်ဟာရီဆင်အား မန်စီးတီး ခေါ်ယူ

နယူးယောက်စီးတီးမှ ဂျက်ဟာရီဆင်အား မန်စီးတီး ခေါ်ယူ
Published 1 February 2018

 

Photo: Twitter

 

မန်စီးတီးအသင်းသည် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဂျက်ဟာရီဆင်(၂၁ နှစ်)အား (၃)နှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် ၎င်းအားခေါ်ယူပြီးနောက် လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းသို့ အငှားချခဲ့ကြောင်း သိရှိရသည်။

ဂျက်ဟာရီဆင်သည် မန်ယူအကယ်ဒမီကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသက်(၁၄)နှစ်အရွယ်တွင် အမေရိကန်နိုင်ငံသို့ ပညာသင်ကြားရန်ထွက်ခွာသွားခဲ့သည်။ သူသည် နယူးယောက်စီးတီးအသင်းတွင် ၂၀၁၆၊ ဇန်နဝါရီမှစတင်၍ ကစားခဲ့ပြီး (၂)ရာသီအတွင်း (၅၉)ပွဲကစားကာ (၁၄)ဂိုးသွင်းယူပေးခဲ့သည်။