နည်းပြဘဝသို့ ကူးပြောင်းမည့် မိုက်ကယ်ကာရစ်ကို မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟို ကြိုဆို

နည်းပြဘဝသို့ ကူးပြောင်းမည့် မိုက်ကယ်ကာရစ်ကို မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟို ကြိုဆို
Published 20 January 2018

 

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုသည် လက်ရှိဘောလုံးရာသီကုန်ဆုံးချိန်တွင် နည်းပြဘဝသို့ ကူးပြောင်းမည့် ကွင်းလယ်လူမိုက်ကယ်ကာရစ်ကို ကြိုဆိုခဲ့သည်။
အသက် (၃၆)နှစ်အရွယ် မိုက်ကယ်ကာရစ်သည် မန်ချက်စတာယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းတိုးတော့မည်မဟုတ်ဘဲ ကစားသမားဘဝမှ အနားယူရန်စီစဉ်ထားပြီးနည်းပြအဖွဲ့ဝင်အဖြစ်
ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Photo: Sky Sports

လက်ရှိဘောလုံးရာသီတွင် မိုက်ကယ်ကာရစ်သည် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သည့်
ဝေဒနာကြောင့် ကုသမှုများခံယူခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်း၏ ပွဲစဉ်များကို လွဲချော်လျက်ရှိသည်။
'' နည်းပြဘဝကို ကူးပြောင်းတဲ့ဆုံးဖြတ်ချက်ဟာ အသင်းအတွက်ရော၊ သူ့အတွက်ပါ
ကောင်းမွန်ပါတယ်။ ဘောလုံးသမားဘဝကို ဒဏ်ရာတွေကြောင့်၊ အခြားပြဿနာတွေကြောင့် မဟုတ်ဘဲ အဆုံးသတ်နိုင်တာကလည်း ကောင်းပါတယ်။
သူဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ဘူး။
လက်ရှိအချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး သူက ကျွန်တော်တို့အတွက်
အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်နေဆဲပါပဲ။ နည်းပြဘဝကို ရောက်လာမယ့်
သူ့ကို ကျွန်တော် ကြိုဆိုပါတယ်'' ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

မိုက်ကယ်ကာရစ်သည် မန်ချက်စတာယူနိုက်တက်အသင်းသို့ ၂၀၀၆ ခုနှစ်တွင်
ရောက်ရှိလာပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ လိဂ်ဖလား၊ ယူရိုပါလိဂ်နှင့်
ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည်။