အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် နယ်သာလန်တိုက်စစ်မှူး လိုကာဒီယာကို ဘရိုက်တန် ခေါ်ယူ

အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် နယ်သာလန်တိုက်စစ်မှူး လိုကာဒီယာကို ဘရိုက်တန် ခေါ်ယူ
Published 20 January 2018

 

ဘရိုက်တန်အသင်းသည် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၄ .၁)သန်းဖြင့်
PSV အသင်းမှ အသက် (၂၄)နှစ်အရွယ် နယ်သာလန်တိုက်စစ်မှူး
ယာဂင်လိုကာဒီယာကို ခေါ်ယူခဲ့သည်။
လိုကာဒီယာသည် PSV အသင်းအတွက် (၁၇၆)ပွဲကစားခဲ့ပြီး (၆၂)ဂိုးသွင်းယူပေးခဲ့သူဖြစ်ကာ နယ်သာလန်သက်တမ်းအလိုက်လူငယ်အသင်းများတွင်လည်း ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
ဘရိုက်တန်အသင်းသည် လက်ရှိဘောလုံးရာသီပရီးမီးယားလိဂ်အသင်းများထဲတွင်
ဒုတိယဂိုးသွင်းအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပြီး(၂၃)ပွဲကစားပြီးချိန်တွင် (၁၇)ဂိုးသာ သွင်းယူနိုင်ခဲ့သဖြင့်
တိုက်စစ်ပိုင်းကို အားဖြည့်ခဲ့ခြင်းဖြစ်သည်။

ဘရိုက်တန်အသင်းနည်းပြ ဟောက်တန်က လိုကာဒီယာသည် လက်ကျန်ရာသီတွင် ဘရိုက်တန်အသင်းတိုက်စစ်ကိုကူညီပေးနိုင်မည်ဟု ယုံကြည်နေသည်။

Most Read

Most Recent