ဘင်္ဂါလီ အကျပ်အတည်းအတွက် ICC တရားသူကြီးများ တံခါးပိတ်ဆွေးနွေးမည်

ဘင်္ဂါလီ အကျပ်အတည်းအတွက် ICC တရားသူကြီးများ တံခါးပိတ်ဆွေးနွေးမည်
Published 15 May 2018

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များ အစုအပြုံလိုက် ထွက်ပြေးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ခွင့်ပြုမည် မပြုမည်ကို လာမည့်လတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) မှ တရားသူကြီးများက တံခါးပိတ် ဆွေးနွေးမည် ဖြစ်ကြောင်း ICC ၏ ဥက္ကဋ္ဌတရားသူကြီး ပီတာကိုဘတ်စ် ကပြီးခဲ့သည့် မေ ၁၁ တွင် အမိန့်ထုတ်ထားကြောင်း AFP က ယင်းအမိန့်ကို ကိုကားပြီး မေ ၁၄ တွင် ဖော်ပြခဲ့သည်။

ဇွန် ၂၀ တွင် ICC ၏ ရှေ့နေချုပ် ဖာတိုအိုဗင်ဆူဒါသည် တရားသူကြီး သုံးဦးရှေ့မှောက်တွင် လာရောက် ဆွေးနွေးရမည်ဖြစ်ကြောင်း ပီတာကိုဘတ်စ်က ယင်းအမိန့်တွင် ပြောကြားထားသည်။

ဘင်္ဂါလီမွတ်စလင်များ နေရပ်ရွှေ့ပြောင်းရမှုသည် လူသားချင်း ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ် မဖြစ်ကို စုံစမ်းစစ်ဆေးခွင့်ပေးရန် ICC ၏ တရားသူကြီးများကို အဆုံးအဖြတ်ပေးရန် ဗင်ဆူဒါက ပြီးခဲ့သည့်လတွင် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ICC တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံမဟုတ်သောကြောင့် ယင်းတောင်းဆိုချက်သည် တရားရေးဆိုင်ရာအရ ရှုပ်ထွေးသော တောင်းဆိုချက်တစ်ခု ဖြစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် သည်ဟိဂ်၌ တည်ထောင်ခဲ့သော ICC သည် လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ တရားရုံးများက အရေးယူဆောင်ရွက်ရန် မတတ်နိုင်သော သို့မဟုတ် မဆောင်ရွက်လိုသော အဆိုးဆုံးရာဇဝတ်မှုများအတွက် အရေးယူဆောင်ရွက်သည့် တရားရုံးဖြစ်သည်။