ဇူလိုင်လ (၁၄) ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ်

ဇူလိုင်လ (၁၄) ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ်
Published 14 July 2017

[bc_video video_id="5507345429001" account_id="5045712145001" player_id="default"]

 

[ezcol_1fifth]One Fifth Column[/ezcol_1fifth] [ezcol_3fifth]
■ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုးသားလွှတ်တော်သို့ တင်သွင်း

■ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်သည် အစိုးရ၏ ရပ်တည်ချက် သဘောထား မဟုတ်ကြောင်းနှင့် ၎င်းဆောင်ရွက်ရမည့့််အပိုင်းကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရ

■ ဆက်သွယ်ရေးဥပဒေ ပုဒ်မအား အပြီးပယ်ဖျက်ပေးရန် အပါအဝင်အချက်သုံးချက်အား ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေး နှင့် ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့ တောင်းဆို

■ YBS ယာဉ်များအားလုံး ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ စပါယ်ယာမထားရှိတော့ဘဲ Cash Box စနစ် အသုံးပြုသွားမည်

■ တရုတ်နိုင်ငံဘက်မှ ဇွန်လအတွင်းယာယီပိတ်ခဲ့သည့် အကောင့်များအပါအဝင် မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့် ၁၀၀ ကျော် ပိတ်ထားဆဲ

■ လျှပ်စစ်မီတာခများ ပြောင်းလဲသတ်မှတ်နိုင်ရန် လျှပ်စစ်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက မကြာမီကာလအတွင်း နောက်ဆုံးအဆင့်ဆွေးနွေးမှု ပြုလုပ်မည်ဟု ဆို

■ တရုတ်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လျူရှောင်ပို အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်

■ ဖိလစ်ပိုင်တောင်ပိုင်းတွင် ဖိလစ်ပိုင်လေတပ် တိုက်လေယာဉ်တစ်စီး၏ မှားယွင်းပစ်ခတ်မှုကြောင့် စစ်သား ၂ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိ

■ နယူးဇီလန်နိုင်ငံတွင် အားပြင်းမုန်တိုင်းတိုက်ခတ်၍ မီးပျက်ခြင်း၊ လမ်းပိတ်ဆို့ခြင်းနှင့် လေကြောင်းခရီးစဉ်များ ကြန့်ကြာမှု ဖြစ်ပေါ်နေ

■ နယူးယောက်မြို့တွင် ပြုလုပ်မည့်် ကြွက်နှိမ်နင်းရေး စီမံချက်သစ်အတွက် ဒေါ်လာ ၃၂ သန်း သုံးစွဲမည်[/ezcol_3fifth] [ezcol_1fifth_end]One Fifth Column[/ezcol_1fifth_end]