ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC) တွင် ကော်မရှင်ဥက္ကဋ္ဌ အဖြစ် ဦးသန်းစိုး အား တာဝန်ပေးအပ်ထားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၄၂၈ တို့အရ ယနေ့(ဇူလိုင် ၃၁ ရက်)တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည့် အမိန့်အား ထုတ်ပြန်သည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ဥက္ကဋ္ဌ အဖြစ် ယခင်က ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည့် ဦးသန်းစိုး အား တာဝန်ပေးအပ်ထားသည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးအောင်စောဝင်း၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးမျိုးလှိုင်၊ ဦးသန်းထွတ်သိန်း၊ ဦးတင်ဆွေဝင်း၊ ဦးအောင်မြင့်လွင် တို့အား တာဝန်ပေးအပ်ထားသည်။















