ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ် လွဲချော်ဖွယ်ရှိနေ

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ် လွဲချော်ဖွယ်ရှိနေ
Published 13 July 2018

Photo: Getty Images

ခရိုအေးရှား တောင်ပံကစားသမား ပါရီဆစ်သည် ပြင်သစ်အသင်းနှင့် ကစားမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရှိရသည်။

အင်္ဂလန်အသင်းအား အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ခရိုအေးရှားအသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည့် ပါရီဆစ်သည် ဘယ်ဘက်ပေါင်တွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး မော်စကိုဆေးရုံတွင် ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

သို့သော် အသက်(၂၉)နှစ်အရွယ်ရှိ ပါရီဆစ်၏ ဒဏ်ရာအနေအထားမှာ စောင့်ကြည့်နေရဆဲဖြစ်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲနှင့် လွဲချော်ဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ခရိုအေးရှားအသင်းနည်းပြ ဒါလစ်ကလည်း ကစားသမား၏ ကြံ့ခိုင်မှုအနေအထားကို ပြောရန် စောနေသေးကြောင်း ဝန်ခံထားပြီး စောင့်ကြည့်ရမည်ဟု ဆိုထားသည်။

ဒါလစ်က "ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် ကစားသမားတွေ အောင်ပွဲခံခဲ့ကြပါတယ်။ ဒီနေ့ကတော့ ကျွန်တော် ကြံ့ခိုင်မှုတွေ ပြန်ရလာဖို့ အနားယူနေပါတယ်။ ဒီအချိန်မှာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအနေအထားနဲ့ ပတ်သက်ပြီး ပြောဖို့ ကျွန်တော် အသင့်မဖြစ်သေးပါဘူး။ အင်္ဂလန်အသင်းနဲ့ပွဲမှာ နာကျင်မှုတွေ ရှိခဲ့ပေမယ့် ဘာတစ်ခွန်းမှ မပြောဘဲ အသင်းအတွက် ကြိုးစားခဲ့ကြတဲ့ ကစားသမားတွေအတွက် ကျွန်တော် ဂုဏ်ယူပါတယ်"ဟု ပြောကြားခဲ့သည်။

ပါရီဆစ်သည် အင်္ဂလန်အသင်းနှင့် ပွဲကစားနေစဉ်အတွင်း ဘက်ဘယ်ပေါင်မှ ဒဏ်ရာကို သက်သာစေရန် ရေခဲကပ်ခဲ့ရကြောင်း သိရသည်။

အသက် (၂၉)နှစ်အရွယ်ရှိ ပါရီဆစ်သည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်းအတွက် (၂)ဂိုးသွင်းယူထားပြီး ခြေစွမ်းပြ ကစားနေသူဖြစ်သည်။

 

Most Read

Most Recent