နေမာ၊ ဖေမီနိုတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ ဘရာဇီးလ်

နေမာ၊ ဖေမီနိုတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ ဘရာဇီးလ်
Published 3 July 2018

နေမာအဖွင့်ဂိုးသွင်းယူပြီးနောက် အသင်းဖော်များနှင့် အတူအာင်ပွဲခံနေစဉ် (Photo : AFP)

■ ဘရာဇီးလ် ၂-၀ မက္ကဆီကို

ဘရာဇီးလ်အသင်းဟာ ဒီနေ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာရှိတဲ့ မာဆယ်လိုနေရာမှာ ဖီလစ်ပီလူးဝစ်ကစားတာကလွဲပြီး သူတို့ရဲ့ အဓိက လူစာရင်းကိုပဲ အသုံးပြုသွားခဲ့ပါတယ်။

မက္ကဆီကိုအသင်းကလည်း (၄-၃-၃)ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး တောင်ပံတိုက်စစ်နေရာတွေမှာ လိုဇာနို၊ ကာလို့စ်ဗေလာနဲ့ အထောင်တိုက်စစ်မှူးနေရာမှာတော့ သူတို့ရဲ့ အဓိက အားထားရတဲ့ ဟာနန်ဒက်ဇ်ကိုပဲ အသုံးပြုသွားခဲ့တာပါ။

ပထမပိုင်း အစောပိုင်းအချိန်တွေမှာ မက္ကဆီကိုအသင်းက ဘရာဇီးလ်အသင်းကို ပိုမိုဖိအားပေးနိုင်ခဲ့ပေမယ့် လိုဇာနို၊ ဗေလာနဲ့ ဟာနန်ဒက်ဇ်တို့ အချိတ်အဆက်မမိခဲ့ပါဘူး။

ဒါ့ကြောင့် ပွဲချိန်ကြာလာတာနဲ့ အမျှ ဘရာဇီးလ်အသင်းက ပွဲကို တဖြည်းဖြည်း စိုးမိုးလာနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းမှာ ဝီလီယံ၊ ကော်တင်ဟိုတို့ ပုံစံကောင်းတွေပြသနိုင်ခဲ့ကြပြီး အဓိက ကစားသမား နေမာကလည်း လိုအပ်နေတဲ့ အချိန်မှာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

ဝီလီယံရဲ့ လျင်မြန်မှု၊ လုပ်အားနှုန်းတွေက ချီးကျူးစရာ ကောင်းခဲ့ပြီး ဘရာဇီးလ်အသင်းရဲ့ ညာတောင်ပံနေရာမှာ ကစားဖို့ အထိုက်တန်ဆုံး သူတစ်ယောက်လို့တောင် ပြောလို့ရပါတယ်။

ဘရာဇီလ်းအသင်းရဲ့ အဖွင့်ဂိုးကို နေမာ၊ ဝီလီယံ တွဲလုံးကနေပဲ နေမာက (၅၁)မိနစ်မှာ အနီးကပ် ပိတ်သွင်းယူသွားခဲ့ပြီး ဒုတိယဂိုးကိုတော့ တန်ပြန်တိုက်စစ်ကတစ်ဆင့် လူစားဝင်ကစားသမား ဖေမီနိုက (၈၈)မိနစ်မှာ သွင်းယူခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် ဘရာဇီးလ်အသင်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲနောက်ဆုံး (၃)ပွဲဆက် Two Goal Margin နဲ့ အနိုင်ရခဲ့တဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဘရာဇီးလ်တိုက်စစ်မှူး နေမာရဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ သူ့အတွက် ၂၀၁၈ ခုနှစ်အတွင်းကစားခဲ့တဲ့ (PSG တွင်ကစားသည့် ပွဲစဉ်များ အပါအဝင်) နောက်ဆုံး (၁၆)ပွဲမှာ (၁၅)ဂိုးမြောက် သွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်းဖြစ်ပါတယ်။

ဒီပွဲရဲ့ Man Of The Match ဆုကိုလည်း နေမာကပဲ ရရှိခဲ့ပါတယ်။

Most Read

Most Recent