အရက်မူးပြီးကားမောင်းသဖြင့် အဖမ်းခံခဲ့ရသည့် စပါးဂိုးသမား လိုရစ် သူ၏လုပ်ရပ်အတွက်ပြန်လည်တောင်းပန်

အရက်မူးပြီးကားမောင်းသဖြင့် အဖမ်းခံခဲ့ရသည့် စပါးဂိုးသမား လိုရစ် သူ၏လုပ်ရပ်အတွက်ပြန်လည်တောင်းပန်
Published 27 August 2018

 

Photo: Mirror

စပါးအသင်း၏ ပြင်သစ်လက်ရွေးစင် ဂိုးသမား ဟူဂိုလိုရစ်သည် အရက်မူးပြီးကားမောင်းသဖြင့်ပြီးခဲ့သည့်သောကြာနေ့က ဖမ်းဆီးခံခဲ့ရပြီး ၎င်းက သူ၏လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်းသိရှိရသည်။

အသက်(၃၁)နှစ်အရွယ်ရှိသူ လိုရစ်သည် သောကြာနေ့နံနက် (၂း၂၀)နာရီက လန်ဒန်မြို့လယ်တွင်အရက်မူးပြီးကားမောင်းကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည့် အတွက် ၎င်းအားဖမ်းဆီးထိန်းသိမ်းခဲ့သည်။ လိုရစ်သည် လန်ဒန်မြို့ရှိ ရဲအချုပ်တွင် (၇) နာရီခန့်ကြာတိုင်ချုပ်နှောင်ဖမ်းဆီးခဲ့ခဲ့ရကြောင်း သိရှိရသည်။ ထို့နောက် ၎င်းအား အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီးလာမည့်စက်တင်ဘာလအတွင်း ဝက်စ်မင်စတာတရားရုံး၌ အမှုရင်ဆိုင်ရ မည်ဖြစ်ကြောင်း သိရှိရသည်။

လိုရစ်သည် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်အသင်း၏ အဓိကဂိုးသမားတစ်ဦးဖြစ်ခဲ့ပြီးကြာသပတေးညက သူ၏ ပြင်သစ်အသင်းဖော်တချို့နှင့် သောက်စားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

သူ၏လုပ်ရပ် အတွက် တောင်းပန်ကြောင်း လိုရစ်က ယခုကဲ့သို့ ပြောကြားခဲ့သည်။"ကျွန်တော့်ရဲ့ မိသားစု၊ စပါးအသင်း၊ အသင်းဖော်တွေ၊ နည်းပြဖြစ်သူနဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော်ရင်ထဲအသည်းထဲကနေ တောင်းပန်ပါတယ်။ အရက်aသာက်ပြီး ကားမောင်းတာဟာ လက်ခံနိုင်စရာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့လုပ်ရပ်အတွက် ကျွန်တော်အပြည့်အဝတာဝန်ယူသွားပါမယ်" ဟု လိုရစ်ကပြောကြားခဲ့သည်။

လိုရစ်၏လုပ်ရပ်ကို စပါးအသင်းတာဝန်ရှိသူများက ဒေါသထွက်နေပြီး ကလပ်အသင်းအတွင်းစုံစမ်းစစ်ဆေးမှုပြုလုပ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအနေ ဖြင့်နှစ်ပတ်စာလစာငွေဖြစ်သော ပေါင်(၃)သိန်း ဒဏ်ရိုက်ခံရဖွယ်ရှိကြောင်း သိရှိရသည်။

Most Read

Most Recent