မိုရန်ဒီတံတားပြိုကျမှုဖြစ်ရပ်ဆိုးကို ကာဂလီယာရီဂိုးသမားဟောင်း ရင်ဆိုင်ခဲ့ရ

မိုရန်ဒီတံတားပြိုကျမှုဖြစ်ရပ်ဆိုးကို ကာဂလီယာရီဂိုးသမားဟောင်း ရင်ဆိုင်ခဲ့ရ
Published 16 August 2018

 

 

Photo: AFP,Marca

ကာဂလီယာရီအသင်းဂိုးသမားဟောင်း ဒေးဗစ်ဒီကာပယ်လိုသည် မိုရန်ဒီတံတားပြိုကျမှုဖြစ်ရပ်ဆိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော်လည်း အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အသက် (၃၃)နှစ်အရွယ် ဒေးဗစ်ဒီကာပယ်လို၏ ကားသည် တံတားပြိုကျမှုကြောင့် မီတာ (၃၀)နီးပါး လွင့်ခဲ့သော်လည်း ၎င်းမှာအသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ဒီကာပယ်လိုက "ကျွန်တော့်အသက်ရှင်နေသေးတာ မယုံနိုင်စရာပါပဲ။ ပထမဆုံးအော်ဟစ်ဆူညံသံတွေ ကျွန်တော်ကြားလိုက်ရပြီး ကျွန်တော့်ကားလည်း လွင့်စင်သွားပါတယ်။ ဒီတံတားကို ကျွန်တော်အမြဲလိုလို ဖြတ်သန်းဖြစ်ပြီး တကယ်ကို ယာဉ်သွားယာဉ်လာများပြားလွန်းပါတယ်။ ကျွန်တော့်မျက်စိရှေ့မှာ တံတားပြိုကျတာ မြင်လိုက်ရတော့ ထိတ်လန့်မိပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent