ရှစ်လေးလုံးမျိုးဆက် (ပြည်ပ) ရဲဘော်များနှင့် အထက်မြန်မာပြည် (မန္တလေး) ဒီမိုကရေစီအင်အားစုများ တွေ့ဆုံပွဲ မန္တလေးမြို့တွင် ပြုလုပ်

ရှစ်လေးလုံးမျိုးဆက် (ပြည်ပ) ရဲဘော်များနှင့် အထက်မြန်မာပြည် (မန္တလေး) ဒီမိုကရေစီအင်အားစုများ တွေ့ဆုံပွဲ မန္တလေးမြို့တွင် ပြုလုပ်
Published 31 December 2017

ရှစ်လေးလုံးမျိုးဆက် (ပြည်ပ) ရဲဘော်များနှင့် အထက်မြန်မာပြည် (မန္တလေး) ဒီမိုကရေစီအင်အားစုများ တွေ့ဆုံပွဲနှင့် မျက်မှောက်နိုင်ငံရေး အခြေအနေများ၊ အနာဂတ် အလားအလာများ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃၀ ရက် နံနက်က မန္တလေးမြို့ ဓမ္မိကာရာမတိုက် ငွေငါးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ပရောက် ရှစ်လေးလုံးမျိုးဆက်များ ကိုယ်စား အမေရိကန်မှ ရန်ကုန်တိုင်း ရဟန်းပျိုများသမဂ္ဂ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးခေမာစာရ၊ ဦးဇာနည်၊ ဦးစိုးမိုး၊ ဦးဇော်ဇော်လှိုင်၊ ဦးအောင်သန်းတို့က ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူပြည်သူ ရဲဘော်များအား ရည်စူး၍ ကောင်းမှုကုသိုလ်ပြုခြင်း၊ နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ရဲဘော်ရဲဘက်များ ပြန်လည်ဆုံစည်း တွေ့ဆုံခြင်း၊ မန္တလေး နိုင်ငံရေးအင်အားစုများ၏ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ချက်များ သိရှိလိုခြင်း စသည့် ရည်ရွယ်ချက် သုံးချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပွဲစီစဉ်သူ ဦးဇာနည်က ပြောကြားသည်။

“ပြည်ပရောက် ရှစ်လေးလုံးမျိုးဆက်တွေအနေနဲ့ ခေတ်အဆက်ဆက် ၁၉၄၈ ပြည်တွင်း စစ်စကတည်းကိုက ဒီမိုကရေစီတိုက်ပွဲဝင် တွေ၊ အင်အားစုတွေ ကိုင်စွဲထားတဲ့ (၁) ဒီမို ကရေစီရေး၊ (၂) ငြိမ်းချမ်းရေး၊ (၃) ညီညွတ်ရေး ဆိုတဲ့ အလံသုံးလက်ကိုကိုင်စွဲပြီး ရပ်တည်လှုပ် ရှားနေပါတယ်။ ဒီမိုကရေစီရေးဖြစ်တဲ့ နိုင်ငံ တော်သစ်တည်ဆောက်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် မရှိ မဖြစ်လိုအပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ဖျက်သိမ်းရေးပေါ့။ ဥပဒေတွင်းက ဆောင်ရွက်တာတွေ လွှတ် တော်တွင်းက ဆောင်ရွက်တာတွေကို လက်ခံ ပါတယ်။ ကြိုးစားလို့ရပါတယ်။ လွှတ်တော် တွင်း လွှတ်တော်ပ နှစ်ခုလုံး ပူးပေါင်းဆောင် ရွက်ဖို့ ကြိုးပမ်းဖို့လည်း တိုက်တွန်းပါတယ်” ဟု ဦးဇာနည်က ပြောကြားသည်။

“ရှစ်လေးလုံးမျိုးဆက် (ပြည်ပ) အနေနဲ့ ၁၉၅၆၊ ၁၉၆၄၊ ၁၉၆၉၊ ၁၆၇၄၊ ၈၈ ကနေ ကနေ့ နောက်ဆုံး ၂၀၁၇ အထိ မျိုးဆက်အသီး သီးပါတဲ့ အင်အားစုတွေ အမြင်ချင်းဖလှယ် ကြတယ်၊ ဆွေးနွေးကြတယ်။ ရန်ကုန်မှာလည်း တစ်ပွဲလုပ်ခဲ့ပြီးပြီ။ ကျွန်တော်တို့က ကျောင်း သားလိုင်းကလာတဲ့သူတွေဖြစ်တာကြောင့် ဗကသများအဖွဲ့ချုပ်ကို အခြေခံပြီးတော့ ကျန် တဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ သဘောထား အမြင်တွေကို စုစည်းတယ်။ စုစည်းပြီးတော့ စစ်တမ်းတစ်ခုထုတ်ဖို့ရှိပါတယ်” ဟု ဦးဇာနည် က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ တတိယအင်အားစု ပေါ်ပေါက်ရေးဆိုတဲ့အပေါ်မှာ အာရုံရှိတယ်။ အဓိက,က ညီညွတ်ရေးအတွက် လာတာ။ ဒီမှာဆွေးနွေးတဲ့ ဆွေးနွေးမှုက ညီညွတ်ရေးအပေါ်မှာ အခြေခံတယ်။ အခုဒီမြန်မာပြည်ထဲမှာ တွေ့နေရတဲ့ အင်အားစုတွေက တစ်စစီဖြစ်နေကြတယ်။ အဲဒီအင်အားစုတွေ ဖြစ်နေကြတဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ ဘယ်အင်အားစုကတော့ ကောင်းတယ်။ ဘယ် အင်အားစုကတော့ မကောင်းဘူးဆိုတဲ့ သုံး သပ်ထုတ်ပြန်ချက်မျိုးတော့ ထုတ်မှာမဟုတ် ဘူး။ မည်သည့်အင်အားစုနဲ့မဆို ကျွန်တော်တို့ က တတ်နိုင်တဲ့ဘက်က တူရင်တူသလို လက် တွဲဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ရှစ်လေးလုံးမျိုးဆက် (ပြည်ပ) မှ ဦးဇော်ဇော်လှိုင်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲနှင့် မျက်မှောက်နိုင်ငံရေး အခြေအနေများ ဆွေးနွေးပွဲသို့ ရှစ်လေးလုံး အရေးတော်ပုံအတွင်း ဦးဆောင်ပါဝင်ခဲ့ကြသည့် သံဃာတော်များနှင့် အထက်မြန်မာပြည် နိုင်ငံရေးအင်အားစုများ (မန္တလေး) တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent