တိုရီနို နှင့် ကာဂလီယာရီ (တနင်္ဂနွေည ၅:၀၀ နာရီ)
တိုရီနိုက အိမ်ကွင်းနောက်ဆုံး(၇)ပွဲမှာ (၆)ပွဲအထိ အနိုင်ရထားပြီး နောက်ဆုံး(၄)ပွဲဆက် အနည်းဆုံး (၂)ဂိုးသွင်းယူထားနိုင်ပါတယ်။ စုဖွဲ့မှုအရ ကာဂလီယာရီထက် ကောင်းမွန်သလို၊ ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေလို့လည်း အိမ်ကွင်းမှာ အမှားခံမှာ မဟုတ်ဘူး။ အဝေးကွင်းမှာ ပုံမှန်အားဖြင့် ကာဂလီယာရီက ခံစစ်အားပြုပြီး တစ်မှတ်မျှော်ကစားလေ့ရှိပေမယ့် တိုရီနိုကို အရှုံးပေးရပါလိမ့်မယ်။ တိုရီနိုနဲ့ ဂိုးအနည်းပါပဲ။
ဖီအိုရင်တီးနား နှင့် ဘိုလော့ဂ်နာ (တနင်္ဂနွေည ၇:၃၀ နာရီ)
တန်းဆင်းဇုန်က လွတ်မြောက်ရေးအတွက် ဘိုလော့ဂ်နာ ရုန်းကန်နေပေမယ့် အဝေးကွင်းမှာ မျှော်လင့်လို့ သိပ်မရပါဘူး။ အဝေးကွင်းဆိုရင် ခံစစ်ကလည်း ဂိုးတွေပိုပေးရတတ်လို့ ဖီအိုရင်တီးနားဆီက တစ်မှတ်ထက် ပိုမရနိုင်ပါဘူး။
ဆမ်ဒိုးရီးယား နှင့် ဂျီနိုအာ (တနင်္ဂနွေည ၇:၃၀ နာရီ)
ဒါဘီပြိုင်ဘက်တွေဖြစ်နေလို့ အနိမ့်ပိုင်းရောက်နေတဲ့ ဂျီနိုအာက ဆမ်ဒိုးရီးယားကို ရှိန်နေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ ဂျီနိုအာ အညံ့တွေများတတ်လို့ တစ်မှတ်ထက် ပိုမရနိုင်ဘဲ ဆမ်ဒိုးရီးယား အနိုင်ရပါလိမ့်မယ်။
ဆာဆူအိုလို နှင့် ပါးမား (တနင်္ဂနွေည ၇:၃၀ နာရီ)
တန်းဆင်းဇုန်နဲ့ အနည်းငယ်ဝေးနေသေးတယ်ဆိုပေမယ့် ပါးမား ပေါ့ဆလို့မရဘဲ အချိန်မရွေး တန်းဆင်းဇုန်ထဲ ရောက်သွားနိုင်ပါတယ်။ ဆာဆူအိုလိုက အိမ်ကွင်းမှာ ပြန်လည်တည်ငြိမ်လာလို့ ပါးမား အရှုံးပေးရပါဦးမယ်။
ချီယေးဗို နှင့် နာပိုလီ (တနင်္ဂနွေည ၁၀:၃၀ နာရီ)
ချီယေဗိုက မျှော်လင့်ချက်မဲ့သလောက် ဖြစ်နေပါပြီ။ နာပိုလီကလည်း စီးရီးအေကို အာရုံမစိုက်တဲ့အထာမျိုးလား၊ ဒါမှမဟုတ် တကယ်ပဲ စီးရီးအေမှာ ကျိန်စာဆိုးမိနေသလား မပြောတတ်ဘူး။ နောက်ဆုံး(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး သိပ်ပြီး ယုံကြည်လို့မရဘူး။ ဒီပွဲကလည်း အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ် ပွဲကျပ်ကာလအတွင်း ကစားရမယ့်ပွဲဖြစ်နေလို့ နာပိုလီဘက်က ရပ်တည်ဖို့ စဉ်းစားရပါမယ်။ ချီယေဗို တစ်မှတ် မျှော်လင့်ခွင့်ရှိပြီး နာပိုလီ အလွန်ဆုံးကပ်နိုင်ရုံပါပဲ။
ဖရိုဆီနိုနီ နှင့် အင်တာမီလန် (တနင်္လာနံနက် ၁:၀၀ နာရီ)
ပါးမား၊ ဖီအိုရင်တီးနားတို့ကို (၂) ပွဲဆက် အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီးနောက် ဖရိုဆီနိုနီ မျှော်လင့်ချက် ပြန်ရှင်သန်လာပြီလား တွေးချင်စရာပါပဲ။ အင်တာမီလန်က အီကာဒီ ပြန်ပါလာပေမယ့်လည်း မတည်ငြိမ်မှုတွေကြား ရုန်းကန်နေရတုန်းပဲ။ နည်းပြ စပယ်လက်တီရဲ့ အနာဂတ်ကလည်း လှုပ်ခတ်နေလို့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိနေတယ်။ သရေကျနိုင်တယ်။