ဒေါ့မွန် နှင့် ဝုလ်ဖ်ဘတ် (စနေည ၉းဝ၀ နာရီ)
ဒေါ့မွန်အသင်း နိုင်ပွဲပြန်ဆက်လာပေမယ့် ဘိုင်ယန်အသင်းရဲ့ကျော်တက်ခြင်းခံလိုက်ရတာက အသင်းစိတ်ဓာတ်ပိုင်းအတွက် ထိုးနှက်မှုတွေ ရှိလာနိုင်တယ်။ ဘိုင်ယန်လိုအသင်းကို ပြန်လည်ကျော်ဖြတ်ဖို့ထက် ဒေါ့မွန်အသင်းအဖို့ ဒီဖိအားဒဏ်ကြောင့် ကို်ယ်တိုင် ယိုင်နဲ့မသွားအောင်ဘဲ ဂရုစိုက်ကစားရမယ့် အခြေအနေမှာရှိပါတယ်။ ဒေါ့မွန်အသင်းမှာ ဒဏ်ရာက ပြန်သက်သာလာတဲ့ အယ်လ်ကာဆာ၊ ဂေါ့ဇီတို့တော့ အခုပွဲမှာ ဝင်ကစားဖို့များပါတယ်။ ဝုလ်ဖ်ဘတ်အသင်းက နောက်ပိုင်းကစားတဲ့ အမှတ်ပေးပွဲတွေမှာ ဘိုင်ယန်ကို ဂိုးဒါဇင်ဝက်ပေးပြီး အရေးနိမ့်ခဲ့တာကလွဲရင် ကျန်ပွဲတွေမှာ လေးစားလောက်စရာခြေစွမ်းကို ပြသထားနိုင်ခဲ့တယ်။ ဂိုးပြတ်ရှုံးဖို့မရှိဘဲ ဝုလ်ဖ်ဘတ်ဘက်ကပဲ ရပ်တည်သင့်တယ်။
၀ါဒါဘရီမင် နှင့် မိန့်ဇ် (စနေည ၉းဝ၀ နာရီ)
ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ကောင်းလာတဲ့ ၀ါဒါဘရီမင်အသင်း အခွင့်အရေးကို လက်လွှတ်ခံမယ်မထင်ဘူး။ အိမ်ရှင် သေချာပေါက်အနိုင်ကစားမယ်။
ဖရိုင်းဘတ် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၉းဝ၀ နာရီ)
လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်လိုအသင်းကို တားဆီး ဖို့ အတော်လေးခက်သွားပြီ။ ဖရိုင်းဘတ်ကလည်း လတ်တလောမှာ အမှတ်မလိုအပ်သေးပါဘူး။ ဘိုင်ယန်မြူးနစ် ဂိုးပြတ်ဦးမယ် ထင်တယ်။
ဒစ်ဆယ်ဒေါ့ဖ် နှင့် မိုချန်ဂလာဘတ် (စနေည ၉းဝ၀ နာရီ)
မိုချန်ဂလာဘတ်ရဲ့ ရလဒ်ပိုင်းက ထူးထူးခြားခြား ပြောင်းပြန်ဖြစ်နေပြီး အိမ်ကွင်းထက် အဝေးကွင်းပိုကောင်းနေတယ်။ ဒီပွဲလည်း မိုချန် အနိမ့်ဆုံးသရေကစားနိုင်တယ်။
နုရင်ဘတ် နှင့် အော့စ်ဘတ် (စနေည ၉းဝ၀ နာရီ)
အော့စ်ဘတ်အသင်း ခြေစွမ်းပိုင်း အတော်လေးတိုးတက်လာတာ တွေ့ရတယ်။ ဒါပေမဲ့ အမှတ်ပိုလိုတဲ့ နုရင်ဘတ်နဲ့ပဲ စွန့်စားတာပိုကောင်းမယ်။
လိုက်ပ်ဇစ် နှင့် ဟာသာဘာလင် (စနေည ၁၂းဝ၀ နာရီ)
လိုက်ပ်ဇစ်အသင်းအဖို့ အိမ်ကွင်းအမှတ်ပေးပွဲတွေမှာ နိုင်ပွဲပျောက်ဆုံးနေတာ (၄)ပွဲဆက်ရှိပါပြီ။ လိုက်ပ်ဇစ် နိုင်ပွဲပြန်ရရင်တောင် ဂိုးပြတ်ဖို့မလွယ်ပါဘူး။