ပရီးမီးယားလိဂ်ပွဲစဉ်(၃၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၂) ပွဲကြိုသုံးသပ်ချက်
Photo : Wikimedia
Photo : Wikimedia
Published 30 March 2019

ဖူလ်ဟမ် နှင့် မန်စီးတီး (စနေည ရးဝ၀ နာရီ)

လီဗာပူးလ်နဲ့ စပါးတို့ ထိပ်တိုက်ဆုံတွေ့နေတဲ့အချိန်မှာ မန်စီးတီးက ပွဲချောင်နေတာကို တွေ့ရတယ်။ တန်ဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဖူလ်ဟမ်အသင်းဖို့ ချန်ပီယံအိပ်မက်အတွက် ခြေတက်နေတဲ့ မန်စီးတီးကို တားဆီးနိုင်ဖို့ မလွယ်ဘူး။ စကော့ပါကားရဲ့ အသင်းဟာ ဒီပွဲအတွက် ယုံကြည်မှုရှိတဲ့အနေအထားလည်း မဖြစ်နိုင်ဘူး။ ဂိုးမြူးပြီး အကောင်းဆုံး ပုံစံပြနေတဲ့ မန်စီးတီး အနိုင်သေချာပြီး (၃-၀) လောက် ဖြစ်နိုင်တယ်။

ဘရိုက်တန် နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)

ဘရိုက်တန်က ဆောက်သမ်တန်နဲ့ပွဲမှာ ပရီးမီးယားလိဂ်နိုင်ပွဲဆက်နေတဲ့ အနေအထားကို ဆက်လက်ထိန်းထားနိုင်အောင် ကြိုးစားရမှာဖြစ်တယ်။ ဆောက်သမ်တန်ကလည်း တိုက်စစ်ပိုင်းက ပုံစံကောင်းပြနေပြီး အထင်ကြီးစရာခြေစွမ်းနဲ့ ရလဒ်ပိုင်းကို မြင်တွေ့နေရ ပါတယ်။ (၂)သင်းစလုံးက တန်းဆင်းဇုန်တိုက်ပွဲမှာ ရုန်းကန်နေရတဲ့အသင်းတွေဖြစ်ပြီး ဒီလိုပွဲမျိုးမှာ မရှုံးအောင်ကစားဖို့က အဓိကဖြစ်တယ်။ (၁-၁)လောက်နဲ့ သရေကျလိမ့်မယ်။

ဘန်လေ နှင့် ဝုလ်ဗ် (စနေည ၉း၃၀ နာရီ)

ဘန်လေက တန်းဆင်းဇုန်အထက် (၂)မှတ်အကွာမှာရှိနေပြီး ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်ရဦးမှာပါ။ ဒီအသင်းက ပရီးမီးယားလိဂ်နောက်ပိုင်း ပွဲစဉ်တွေမှာ ဆက်တိုက်ရလဒ်ဆိုးခဲ့ပြီး ဝုလ်ဗ်နဲ့ ကစားရမယ့်ပွဲအတွက်လည်း ယုံကြည်မှု ကျဆင်းနေလိမ့်မယ်။ ဝုလ်ဗ်က ဇယားအထက်ပိုင်းက အသင်းဖြစ်ပြီး အမှတ်လိုအပ်ချက် မရှိဘူး။ အထက်မရောက် အောက်မရောက်ဖြစ်ပြီး ဘန်လေကို အခွင့်အရေး ရစေလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ် နှင့် ဟတ်ဒါဖီးလ် (စနေည ၉း၃၀ နာရီ)

FA ဖလားပြိုင်ပွဲကနေ နာကျင်စွာ ထွက်ခွာခဲ့ရပြီးနောက် ပရီးမီးယားလိဂ်အိမ်ကွင်း ပွဲစဉ်မှာတော့ ဟတ်ဒါဖီးလ်ကို အနိုင်ကစားဖို့ ပဲလေ့စ် ရုန်းကန်လိမ့်မယ်။ ပဲလေ့စ်က ဒုတိယရာသီဝက်မှာလည်း ခြေအတက်အကျ အပြောင်းအလဲမြန်လွန်းပြီး တန်းဆင်းဇုန်အတွက်လည်း စိတ်မချသေးဘူး။ ဒီပွဲမှာ နိုင်ပွဲပြန်ရှာဖို့လောက်ကောင်းတဲ့ အခွင့်အရေးလည်း မရှိတော့ဘူးလို့ ပြောရမယ်။ ပဲလေ့စ် နိုင်ပွဲရနိုင်ပြီး (၂-၀) လောက်ဖြစ်လိမ့်မယ်။

လက်စတာ နှင့် ဘုန်းမောက် (စနေည ၉း၃၀ နာရီ)

ဘရန်ဒန်ရော်ဂျာရဲ့လက်ထက်မှာ လက်စတာက နိုင်ပွဲတွေ ပြန်ရနေပြီး ဖူလ်ဟမ်နဲ့ ဘန်လေတို့ကို ဆက်တိုက်အနိုင်ကစားခဲ့တယ်။ အက်ဒီဟောင်းရဲ့ ဘုန်းမောက်ကတော့ အိမ်ကွင်းကောင်းသလောက် အဝေးကွင်းမှတ်တမ်းက အရမ်းအားနည်းပါတယ်။ ဒီလိုပွဲမျိုးက ဗာဒီနဲ့ လက်စတာအသင်းဖော်တွေကို ယုံကြည်ရမယ့်ပွဲမျိုးဖြစ်ပြီး ပထမအကျော့မှာ ရှုံးခဲ့တာကို လက်စားပြန်ချေပါလိမ့်မယ်။ လက်စတာ (၂-၁) လောက်ဖြစ်နိုင်တယ်။

မန်ယူ နှင့် ဝက်ဖို့ဒ် (စနေည ၉း၃၀ နာရီ)

မန်ယူအသင်းဟာ ချန်ပီယံလိဂ်တိုက်ပွဲမှာ ဆက်လက်ရှိနေဖို့အတွက် အိမ်ကွင်းမှာ ဝက်ဖို့ဒ်ကို အနိုင်ကစားရပါလိမ့်မယ်။ ဆိုးလ်ရှား တာဝန်ယူချိန်ကတည်းက ရလဒ်ကောင်းတွေယူခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနေတဲ့ မန်ယူအသင်းဟာ ဒီပွဲမှာလည်း သူတို့အသင်းရဲ့ Attacking Style of Play ကို အခြေခံပြီး ကစားမှာပါ။ လူကာကူက နောက်ပိုင်းပွဲစဉ်တွေမှာ ပုံစံကောင်းပြန်ပြနေပြီး ဒီပွဲမှာလည်း ပြိုင်ဘက်ခံစစ်ကစားသမားတွေကို အဓိကခြိမ်းခြောက်သူအဖြစ် ရှိနေပါလိမ့်မယ်။ ဝက်ဖို့ဒ်ကတော့ သူတို့အသင်းရဲ့ Real Force က အိမ်ကွင်းမှာဖြစ်ပြီး အဝေးကွင်းပွဲစဉ်တချို့မှာ ရုန်းကန်ခဲ့ရတာကို တွေ့ရပါလိမ့်မယ်။ လက်ရှိခြေစွမ်းအနေအထားနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မန်ယူကို တားဆီးနိုင်မယ့်အသင်းအဖြစ် ယုံကြည်လို့မရပါဘူး။ ဒါ့အပြင် ဒီပွဲမှာ မန်ယူအသင်းရဲ့ ဒဏ်ရာရကစားသမားတွေ ပြန်လည်ပါဝင်လာဖို့ရှိနေပြီး နိုင်ငံတကာပွဲစဉ်တွေမှာ အနားရထားတဲ့အတွက်လည်း ဒီပွဲအတွက် အင်ပြည့်အားပြည့်အနေအထားနဲ့ ရှိနေပါလိမ့်မယ်။ လူကာကူ၊ ရပ်ရှ်ဖို့ဒ်၊ ပေါ့ဘာတို့ရဲ့ တိုက်စစ်ပိုင်းကို ဝက်ဖို့ဒ်အသင်း ထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ မာကျောပြီး တည်ငြိမ်မှုရှိတဲ့ခြေစွမ်းက ဂိုးပြတ်မရှုံးအောင်တော့ကစားနိုင်စွမ်းရှိမှာပါ။ မန်ယူ (၂-၁) လောက်နဲ့ နိုင်မယ်။

ဝက်စ်ဟမ်း နှင့် အဲဗာတန် (စနေည ၁၂းဝ၀ နာရီ)

ဝက်စ်ဟမ်းအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယား အောက်ခြေက ဟတ်ဒါးဖီးလ်ကို ရှုံးမလိုဖြစ်ခဲ့ပြီးမှ နိုင်ပွဲပြန်ရှာနိုင်ခဲ့တယ်။ အဲဗာတန်နဲ့့ပွဲက ဝက်စ်ဟမ်းအတွက် နိုင်ပွဲထပ်ရှာဖို့ အခွင့်အရေးတစ်ခုလို့ ပြောလို့ရတယ်။ အဲဗာတန်က နောက်ဆုံးပွဲမှာ ချယ်လ်ဆီးကို အနိုင်ကစားခဲ့တဲ့အသင်းပါ။ ဒါပေမဲ့ အဝေးကွင်းမှာ ခြေပျက် နေတတ်တာကို သတိပြုရမယ်။ အိမ်ရှင် ဝက်စ်ဟမ်း မရှုံးနိုင်ဘူး။ ကပ်နိုင်ဖို့လည်း ရှိတယ်။

 

Most Read

Most Recent