ဝုလ်ဖ်ဘတ်နှင့်ပွဲကို ပူလီဆစ်လွဲချော်မည်ဟု ဒေါ့မွန်နည်းပြ အတည်ပြု

ဝုလ်ဖ်ဘတ်နှင့်ပွဲကို ပူလီဆစ်လွဲချော်မည်ဟု ဒေါ့မွန်နည်းပြ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 29 March 2019

ပူလီဆစ်သည် ဝုလ်ဖ်ဘတ်နှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သော်လည်း ဧပြီလ (၆) ရက်နေ့ ကစားမည့် ဘိုင်ယန်မြူးနစ်အသင်းနှင့်ပွဲစဉ်တွင် ကြံခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာက မတ်လ (၃၀) ရက်နေ့ကစားမည့် ဝုလ်ဖ်ဘတ်အသင်းနှင့် ဘွန်ဒစ်လီဂါပွဲစဉ်ကို အသင်းတောင်ပံကစားသမား ပူလီဆစ် လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် (၂၀) နှစ်အရွယ်ရှိ ပူလီဆစ်သည် မတ်လ (၂၆) ရက်နေ့က ကစားခဲ့သည့် အမေရိကန် (၁-၁) ချီလီပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့ပြီး မိနစ် (၃၀) အတွင်းမှာပင် လူစားလဲခဲ့ရသည်။

လူစီယန်ဖာက "ပူလီဆစ်ကလွဲလို့ ကစားသမားတွေအားလုံး ဝုလ်ဖ်ဘတ်နဲ့ပွဲမှာ ကစားဖို့ ကြံခိုင်မှုပြည့်ပါတယ်။ ပူလီဆစ်ကတော့ ကံမကောင်းစွာနဲ့ စနေနေ့ ကစားမယ့်ပွဲကို လွဲချော်မှာ သေချာပါတယ်။ ဂေါ့ဇီ၊ အယ်လ်ကာဆာနဲ့ ဗစ်ဆဲလ်တို့ကတော့ တစ်ပတ်လုံး အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ကြပါတယ်"ဟု ပြောကြားခဲ့သည်။

ပူလီဆစ်သည် ဝုလ်ဖ်ဘတ်နှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သော်လည်း ဧပြီလ (၆) ရက်နေ့ ကစားမည့် ဘိုင်ယန်မြူးနစ်အသင်းနှင့်ပွဲစဉ်တွင် ကြံခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပူလီဆစ်သည် ဒေါ့မွန်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၅) ပွဲတွင် (၅) ဂိုးသွင်းယူထားသလို အမေရိကန်လက်ရွေးစင်အသင်းအတွက်လည်း (၂၅) ပွဲတွင် (၁၀) ဂိုးအထိ သွင်းယူပေးထားသည်။

Most Read

Most Recent