အသင်းသမိုင်းတွင် (၁၀) ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် ပူလီဆစ် မှတ်တမ်းဝင်

အသင်းသမိုင်းတွင် (၁၀) ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် ပူလီဆစ် မှတ်တမ်းဝင်
Photos: Getty Images
Photos: Getty Images
Published 27 March 2019

 

အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် အသင်းသမိုင်းတွင် (၁၀) ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဒေါ့မွန်တောင်ပံကစားသမား ပူလီဆစ်သည် အမေရိကန် (၁-၁) ချီလီ ခြေစမ်းပွဲတွင် အမေရိကန်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၄) မိနစ်၌ သွင်းယူခဲ့သည်။ ယင်းမှာ အမေရိကန်အသင်းအတွက် ပူလီဆစ်၏ (၁၀) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး အသက် (၂၀) နှစ်၊ (၁၈၉) ရက်ဖြင့် အသင်းသမိုင်းတွင် အသက်အငယ်ဆုံး (၁၀)ဂိုးသွင်းသူအဖြစ် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ယင်းမှတ်တမ်းကို ပိုင်ဆိုင်ထားသူမှာ အမေရိကန်မေဂျာလိဂ်ကလပ် တိုရွန်တိုအသင်းတိုက်စစ်မှူး အယ်လ်တီဒိုးဖြစ်ပြီး အသက် (၂၀) နှစ်၊ (၃၃၇) ရက်ဖြင့် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent