လီဗာပူးလ် နှင့် ဘိုင်ယန်မြူးနစ် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
အန်ဖီးလ်မှာ ကစားမယ့် ဒီပွဲက ဒီတစ်ပတ်ပွဲစဉ်တွေထဲမှာ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်။ (၂)သင်းစလုံးက သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနေတဲ့အသင်းတွေဖြစ်ပြီး အမှတ်ပေးချန်ပီယံဆုအတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေလည်း ရှိနေကြတယ်။ ဒါပေမဲ့ ဒီဖလားက (၂) သင်းစလုံးအတွက် နောက်ထပ်အိပ်မက်တစ်ခုပါ။ ဒီဘက်နှစ်တွေမှာ ဘိုင်ယန်မြူးနစ်က ဥရောပဘောလုံးလောကရဲ့ ထိပ်ဆုံးတန်းမှာရှိခဲ့ပေမယ့် လီဗာပူးလ်ကတော့ မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမတက်ခင်အထိ ရုန်းကန်ခဲ့ရတာ တွေ့ရတယ်။ ဒါပေမဲ့ ဒီနှစ်တော့ လီဗာပူးလ်က အများကြီးတိုးတက်လာပြီး ဘိုင်ယန်မြူးနစ်နဲ့ အဆင့်ကွာဟမှုကို လျှော့ချနိုင်ခဲ့တယ်။ ဆာလာက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံမှာ ဂိုးတွေသွင်းပေးထားပြီး ပြိုင်ဘက်ခံစစ်ကြောင်းကို အဓိကခြိမ်းခြောက်မယ့်သူပါ။ ဒါပေမဲ့ လီဗာပူးလ်မှာ အားနည်းချက်ရှိနေတာက သူတို့အသင်းရဲ့ အဓိကနောက်ခံလူ ဒီပွဲကို လွဲချော်မယ့်အနေအထားဖြစ်ပြီး အသင်းရဲ့တည်ငြိမ်မှုကို ပျက်စီးနိုင်ပါတယ်။ (၁-၁) ဆိုတဲ့ရလဒ်လောက်နဲ့ ပြီးသွားလိမ့်မယ်။
လိုင်ယွန် နှင့် ဘာစီလိုနာ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
လိုင်ယွန်ရဲ့ ဒီရာသီ ချန်ပီယံလိဂ်ခြေစွမ်းက မဆိုးဘူးလို့ ပြောရမယ်။ တည်ငြိမ်ပြီး ရှုံးပွဲမရှိအောင် ထိန်းကစားနိုင်ခဲ့တယ်။ မန်စီးတီးကို အဝေးကွင်းမှာ နိုင်ခဲ့ပြီး ကျန်(၅)ပွဲလုံး သရေကျခဲ့တာ တွေ့ရတယ်။ မကြာသေးခင်ကမှ ဏှွကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာကလည်း ဒီပွဲအတွက် အားတက်စရာဖြစ်တယ်။ ဘာစီလိုနာ က လာလီဂါနောက်ဆုံး (၃)ပွဲမှာ ဗလင်စီယာနဲ့ ဘီလ်ဘာအိုကို သရေကျပြီး ဗယ်လာဒိုလစ်နဲ့ပွဲမှာလည်း နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာ တွေ့ရတယ်။ လက်ရှိအနေအထားအရ လိုင်ယွန် အိမ်ကွင်းမှာ သရေ ခံကစားမယ်ဆိုရင် အံ့အားသင့်စရာမရှိဘူး။ သရေကျနိုင်ပြီး (၂-၂) လောက် ဖြစ်နိုင်တယ်။