စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ် (ပ-ကျော့) ပွဲကြိုသုံးသပ်ချက်
ဂီတာဖေး နှင့် ဗလင်စီယာ (ဗုဒ္ဓဟူးနံနက် ၃းဝ၀ နာရီ)
ဒီနှစ်သင်းက လာလီဂါမှာလည်း ဥရောပဝင်ခွင့် အပြိုင်လုရမယ့်အခြေအနေ ရှိနေပါတယ်။ လတ်တလောခြေစွမ်းမှာတော့ ဂီတာဖေးအသင်းက ပိုကောင်းနေပြီး အိမ်ကွင်းမှာ တိုက်စစ်ရော ခံစစ်ပါ စွမ်းဆောင်ရည်ပိုတက်လာတတ်ပါတယ်။ ဗလင်စီယာက အဝေးကွင်းမှာ အောက်တန်းက စပို့တင်းဂီဟွန်ကိုတောင် အရှုံးပေးခဲ့ရတဲ့အသင်းပါ။ ဂီတာဖေးအသင်း ပေးဂိုးမဲ့အနိုင်ရဖို့ အလားအလာများပါတယ်။