ဆာဂျီနဲ့ သူ့သမီးယူလီယာတို့ အဆိပ်ခတ်အသတ်ခံရတဲ့ ဖြစ်ရပ်ဟာ အေဘရာမိုဗစ်ခ်ျရဲ့ ဗြိတိန်ပြည်ဝင်ခွင့်အတွက် ကြီးမားတဲ့ ရိုက်ခတ်မှုပါပဲ။ ပူတင်ရဲ့လူယုံလို့ သံသယဝင်ခံထားရသူ အေဘရာမိုဗစ်ခ်ျကို ဗြိတိန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာနဲ့ ပတ်သက်ရင် လိုအပ်တာထက် ပိုတင်းကျပ်ခဲ့တယ်။ အေဘရာမိုဗစ်ခ်ျရဲ့ ဗီဇာအမျိုးအစားက ရင်းနှီးမြှုပ်နှံသူဗီဇာပါ။ ဗြိတိန်အစိုးရရဲ့ ဗီဇာတင်းကျပ်မှု Tier 1 ထဲ ရင်းနှီးမြှုပ်နှံသူဗီဇာ ပါဝင်နေတာပါပဲ။ ဗီဇာမရလို့ ချယ်လ်ဆီးကို မ ရောင်းချခင်ကာလအနည်းငယ်မှာ ယူနိုက်တက်ကို အနိုင်ရတဲ့ FA ဖလားဖိုင်နယ်ကို သူ လာကြည့်ခွင့်မရရှာဘူး။ သူ့ရဲ့ ကိုယ်ပိုင်ဘိုး ရင်းလေယာဉ်ဟာ ဗြိတိန်ကို ပြန်မရောက်ခဲ့ပါဘူး။ အေဘရာမိုဗစ်ခ်ျကတော့ သူ့ရင်ထဲက ခံစားချက်ကို မြိုသိပ်နိုင်သူမဟုတ်လား။ သူ့ရင်ထဲ ခံစားချက်တွေ မီးတောင်လို ပေါက်ကွဲနေလည်း မှုန်တေတေမျက်နှာထားနဲ့ပဲ မြင်ရလိမ့်မယ်။
အေဘရာမိုဗစ်ခ်ျနဲ့ ပူတင် ပေါင်းဖက်ကတဲ့ ပြဇာတ် (၂)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။