လီဗာပူးလ်-မန်စီးတီးပွဲကို (၁၇၉) နိုင်ငံတွင် တိုက်ရိုက်ပြသ၍တစ်ဘီလီယံကြည့်ရှုရန် မျှော်မှန်း

လီဗာပူးလ်-မန်စီးတီးပွဲကို (၁၇၉) နိုင်ငံတွင် တိုက်ရိုက်ပြသ၍တစ်ဘီလီယံကြည့်ရှုရန် မျှော်မှန်း
Photos: AFP
Photos: AFP
Published 7 October 2018

 

အန်ဖီးလ်ကွင်း၌ လီဗာပူးလ်အသင်းနှင့် မန်စီးတီးအသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲကို နိုင်ငံပေါင်း (၁၇၉) နိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ရုပ်သံမှကြည့်ရှုသူ တစ်ဘီလီယံအထိရှိ နိုင်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မျှော်မှန်းထားသည်။

ပရီးမီးယားလိဂ် ပွဲစဉ် (၈) အဖြစ် ယှဉ်ပြိုင်ကစားမည့် ယင်းပွဲကို ယနေ့ မြန်မာစံတော်ချိန် ည (၁၀) နာရီတွင် ကျင်းပမည်ဖြစ်ပြီး ကုလသမဂ္ဂ(UN) အဖွဲ့ဝင် (၁၉၃) နိုင်ငံအနက် (၁၇၉) နိုင်ငံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်း နှစ်သင်းမှာ ဥရောပအပြင် အာရှနှင့် အမေရိကဒေသတွင်လည်း ပရိသတ်များစွာပိုင်ဆိုင်ထားသောကြောင့် ရုပ်သံမှကြည့်ရှုသူ တစ်ဘီလီယံအထိရောက်ရှိရန် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က မျှော်မှန်းထားခြင်းဖြစ်သည်။

ယင်းပွဲနှင့်ပတ်သက်၍ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က " အရင်ကပြောခဲ့ဖူးတာကိုပဲ ထပ်ပြောပါရစေ။ ဘောလုံးလောကအတွက်  အရေးကြီးဆုံးအရာနဲ့ အရေးကြီးဆုံး လုပ်ရမယ့်အချက်က လူတွေကို ဖျော်ဖြေမှုပေးနိုင်ဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒါက ဘောလုံးပွဲသက်သက်မဟုတ်လို့ပါ။ ကျွန်တော်တို့က လူ့အသက်ကိုမကယ်နိုင်ပါဘူး။ တီထွင်ဖန်တီးမှုလည်း မလုပ်နိုင်ပါဘူး။ ခွဲစိတ်ကုသမှုကောင်းတဲ့သူတွေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘောလုံးကို ကောင်းကောင်းကစားရုံပဲ တတ်နိုင်တာပါ။ လူတွေကိုသာ ဖျော်ဖြေမှု မပေးနိုင်ရင် ဘာကြောင့်ကစားနေရဦးမှာလဲ" ဟု သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent