ချယ်လ်ဆီးအကယ်ဒမီ၌ နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြအဖြစ် ဂျိုးကိုးလ် ပြန်လည်ဆောင်ရွက်မည်

ချယ်လ်ဆီးအကယ်ဒမီ၌ နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြအဖြစ် ဂျိုးကိုးလ် ပြန်လည်ဆောင်ရွက်မည်
Photo : Gettyimages, AP
Photo : Gettyimages, AP
Published 31 December 2018

ဂျိုးကိုးလ်သည် ဝက်စ်ဟမ်းအသင်း၏ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ယင်းမှတစ်ဆင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကာ လီဗာပူးလ်၊ လိုင်လီ၊ ဗီလာ၊ ကိုဗင်ထရီနှင့် အမေရိကန်ကလပ် တမ်ပါဘေး အသင်းများ၌ ပါဝင်ကစားခဲ့သည်။

ချယ်လ်ဆီးအသင်း ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဂျိုးကိုးလ်သည် ချယ်လ်ဆီးအကယ်ဒမီ ၌ နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြ အဖြစ် ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ဂျိုးကိုးလ်သည် ချယ်လ်ဆီးအသင်း ၌ ၂၀၀၃ မှ ၂၀၁၀ ပြည့်နှစ်အထိ ပါဝင်ကစားဖူးပြီး ပြိုင်ပွဲစုံ ၂၈၁ ပွဲ ကစား ဂိုး ၄၀ သွင်းယူကာ ကစား သမားဘဝတစ်လျှောက် ပွဲအများဆုံး နှင့် ဂိုးအများဆုံး သွင်းယူပေးနိုင် သည့် ကလပ်အသင်းလည်းဖြစ်သည်။

၎င်းသည် ဝက်စ်ဟမ်းအသင်း၏ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ယင်းမှတစ်ဆင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကာ လီဗာပူးလ်၊ လိုင်လီ၊ ဗီလာ၊ ကိုဗင်ထရီနှင့် အမေရိကန်ကလပ် တမ်ပါဘေး အသင်းများ၌ ပါဝင်ကစားခဲ့သည်။

ဂျိုးကိုးလ်သည် ပြီးခဲ့သည့် နိုဝင်ဘာ တွင် ကစားသမားဘဝမှ အနားယူ တော့မည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီး တစ်လအကြာမှာပင် ချယ်လ်ဆီးအကယ်ဒမီ၌ နည်းပြ အဖြစ် ပြန်လည်ဆောင်ရွက်ရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)အသိအမှတ်ပြု 'A' နည်းပြလိုင်စင် ရရှိထားပြီး ၂၀၁၉ ခုနှစ် ပထမ ခြောက်လအတွင်း အကယ်ဒမီရှိ သက်တမ်းအလိုက်အသင်းများ၏ နည်းပြအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့နောက် ယူ-၁၈ လူငယ် အသင်းကို ပြောင်းလဲကိုင်တွယ်၍ ပရိုလိုင်စင်ရရှိရန် ဆက်လက်ကြိုး ပမ်းမည်ဖြစ်ကြောင်း သိရသည်။

၎င်းပြန်လာမည့်သတင်းနှင့် ပတ်သက်၍ ချယ်လ်ဆီးအသင်း၏ လူငယ်ဖွံ့ဖြိုးရေးဥက္ကဋ္ဌ နီးလ်ဘက် က ''ချယ်လ်ဆီးကိုပြန်လာဖို့ ဂျိုးနဲ့ သဘောတူညီမှုရပြီလို့ ဝမ်းသာစွာနဲ့ ကြေညာချင်ပါတယ်။ သူက အကယ် ဒမီမှာ နည်းပြလုပ်မှာပါ။ အသင်းရဲ့ နည်းပြဖွဲ့စည်းမှုထဲမှာ ကစားသမား ဟောင်းတွေပါဝင်ရေးက ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ပါ။ သူ့ရဲ့အတွေ့ အကြုံတွေကို လူငယ်တွေအတွက် မျှဝေပေးသွားမှာပါ''ဟု ဆိုသည်။

Most Read

Most Recent