အန်ဖီးလ်မှာ အာဆင်နယ်ကိုဂိုးပြတ်အနိုင်ယူခဲ့တဲ့ လီဗာပူးလ်

အန်ဖီးလ်မှာ အာဆင်နယ်ကိုဂိုးပြတ်အနိုင်ယူခဲ့တဲ့ လီဗာပူးလ်
Photo: Reuters
Photo: Reuters
Published 30 December 2018

 

■ လီဗာပူးလ် (၅-၁) အာဆင်နယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ် - အာဆင်နယ်ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက (၅-၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိပြီး အမှတ်ပေးဇယား ဒုတိယအနေရာက စပါးအသင်းကို (၉) မှတ်ဖြတ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၁၁) ပွဲမှာ (၁၀)ပွဲနိုင် (၁) ပွဲသရေကျထားသလို၊ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမလုံးဝမရှိသေးတဲ့ လီဗာပူးလ်အသင်းအတွက် လွယ်ကူတဲ့ပွဲစဉ်လို့ဆိုရမှာဖြစ်ပြီး ရှေ့ပွဲမှာ စပါးအသင်းရှုံးနိမ့်ထားတာကြောင့်လည်း ပိုပြီးဖိအားကင်းစေခဲ့ပါတယ်။

နည်းပြကလော့ပ်ဟာ အိမ်ကွင်းမှာ နိုင်ပွဲဆက်ဖို့ ဆာလာ၊ မာနေ၊ ဖေမီနို၊ ရှာကီရီတို့အပြင် အဓိကကစားသမားအစုံအလင်နဲ့ပွဲထွက်စေခဲ့ပြီး၊ အာဆင်နယ်အသင်းကလည်း လီဗာပူးလ်အသင်းရဲ့ ကစားအားကိုဖျက်ဆီးဖို့အတွက် (၄-၂-၃-၁) ကစားကွက်နဲ့အတူ ကွင်းလယ်ကိုပိုအားပြုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပွဲအစပိုင်းတွေမှာ ပုံစံကောင်းကိုပြနိုင်ခဲ့သလို၊ တစ်သင်းလုံးတွန်းတွန်းတိုက်တိုက်နဲ့ အိမ်ရှင်ကိုတုံ့ပြန်ဖို့ကြိုးစားခဲ့ပါတယ်။ ပွဲချိန် (၁၁) မိနစ်မှာပဲ အီဝိုဘီရဲ့သပ်ရပ်တဲ့ပေးပို့မှုကနေ လူငယ်ကစားသမား နိုင်းလ်က ပြေးပိတ်သွင်းယူပြီး အာဆင်နယ်အသင်းကိုဦးဆောင်စေခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် ဖိအားဖြစ်မယ်ထင်ခဲ့ပေမယ့် ဒီဂိုးကပဲ ပိုပြီးတော့တွန်းအားဖြစ်သွားစေခဲ့သလိုပါပဲ။ အာဆင်နယ်ရဲ့ဦးဆောင်မှုဟာ (၂) မိနစ်သာကြာမြင့်ခဲ့ပြီး ပွဲချိန် (၁၄) မိနစ်မှာ အာဆင်နယ်အသင်းခံစစ်ပိုင်းအမှားကနေ ဖေမီိနိုက လီဗာပူးလ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို ပွဲချိန် (၁၆) မိနစ်မှာပဲ လီဗာပူးလ်အသင်း ဦးဆောင်ဂိုးပြန်ရခဲ့ပြီး ဖေမီနိုကပဲ တစ်ကိုယ်တော်အစွမ်းနဲ့ လှလှပပသွင်းယူသွားခဲ့တာပါ။ ဒီ(၂) ဂိုးစလုံးမှာ အာဆင်နယ်ခံစစ်ကတော့ စိတ်ပျက်စရာကောင်းလွန်းခဲ့ပြီး အမှားတွေ ကျူးလွန်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် တတိယဂိုးကိုတော့ ပွဲချိန် (၃၂) မိနစ်မှာ မာနေက သွင်းယူခဲ့ပြီး၊ ပထမပိုင်းပြီးလို့ ထပ်ဆောင်းအချိန်ပိုမှာပဲ ဆာလာက ပယ်နယ်တီကနေ စတုတ္ထဂိုးကို သွင်းယူခဲ့ပါတယ်။

လီဗာပူးလ်အသင်း ပထမပိုင်းမှာပဲ (၄-၁) ဂိုးနဲ့ ဂိုးပြတ်ဦးဆောင်နေခဲ့တာဖြစ်ပြီး၊ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက ချေပဂိုးတွေအတွက် ချေပဂိုးအတွက် ကြိုးစားခဲ့သလို လီဗာပူးလ်ကလည်း ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက်နောက်ဆုံးဂိုးကို ပွဲချိန်(၆၅) မိနစ်မှာ ဖေမီနိုကပဲ သူ့ရဲ့ဟက်ထရစ်ဂိုးအဖြစ် ပယ်နယ်တီကနေ ကန်သွင်းယူသွားခဲ့ပါတယ်။ ဒီဟက်ထရစ်ကြောင့် ဖေမီနိုဟာ ရော်ဘင်ဟို၊ အဖွန်ဆိုအဲလ်ဗတ်စ်တို့နောက် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းတဲ့ တတိယမြောက် ဘရာဇီးလ်ကစားသမားဖြစ်ခဲ့သလို၊

အာဆင်နယ်အသင်းဘက်ကိုပြိုင်ပွဲစုံ (၉) ဂိုးမြောက်သွင်းယူနို်င်ခဲ့တာဖြစ်ပြီး ဖောင်လာရဲ့စံချိန်ကိုလိုက်မီခဲ့ပါတယ်။

လက်ကျန်မိနစ်မှာတော့ အာဆင်နယ်အသင်း ချေပဂိုးအတွက်ကြိုးစားပေမယ့် ဟန်ချက်ညီနေတဲ့ လီဗာပူးလ်ခံစစ်ကို ထိုးဖောက်ကျော်ဖြတ်ဖို့ခက်နေခဲ့တာကြောင့် အဆင်မပြေခဲ့ပါဘူး။

ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ (၅-၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဆုအတွက် နောက်ထပ်ခြေလှမ်းတစ်လှမ်းထပ်တိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးလ်အသင်းအနေနဲ့လည်း ပွဲစဉ် (၂၀) အပြီး ရမှတ် (၅၄) မှတ်ရယူနိုင်ခဲ့တာဟာ ချယ်လ်ဆီး (၅၅) မှတ် (၂၀၀၅-၀၆  ရာသီ)၊ မန်စီးတီး (၅၈) မှတ် (၂၀၁၇-၁၈ ရာသီ) တို့အပြီး အင်္ဂလန်အဆင့်မြင့်တန်းသမိုင်းမှာ တတိယအမှတ်အများဆုံးစွမ်းဆောင်နိုင်မှုလည်းဖြစ်ခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ဘရိုက်တန် ၁-၀ အဲဗာတန်

ဖူလ်ဟမ် ၁-၀ ဟတ်ဒါဖီးလ်

လက်စတာ ၀-၁ ကာဒစ်ဖ်

စပါး ၁-၃ ဝုလ်ဗ်

ဝက်ဖို့ဒ် ၁-၁ နယူးကာဆယ်

လီဗာပူးလ် ၅-၁ အာဆင်နယ်

စီးရီးအေ

ဂျူဗင်တပ်စ် ၂-၁ ဆမ်ဒိုးရီးယား

ချီယေဗို ၁-၀ ဖရိုဆီနိုနီ

အမ်ပိုလီ ၀-၁ အင်တာမီလန်

ဂျီနိုအာ ၀-၀ ဖီအိုရင်တီးနား

လာဇီယို ၁-၁ တိုရီနို

ပါးမား ၀-၂ ရိုးမား

ဆာဆူအိုလို ၂-၆ အတ္တလန်တာ

အူဒီးနီးစ် ၂-၀ ကာဂလီယာရီ

နာပိုလီ ၃-၂ ဘိုလော့ဂ်နာ

အေစီမီလန် - SPAL

လိဂ်ချန်ပီယံရှစ်

ဘာမင်ဂမ် ၀-၀ ဘရန့်ဖို့ဒ်

ဘော်လ်တန် ၀-၀ စတုတ်စီးတီး

ဘရစ္စတိုးလ်စီးတီး ၁-၀ ရော့သာဟမ်

လိဒ်စ် ၀-၂ ဟားလ်စီးတီး

မစ်ဒယ်ဘရော့ ၂-၀ အစ်ဝစ်ချ်

မီဝေါလ် ၁-၀ နော်တင်ဟမ်

နောဝစ်ချ် ၃-၄ ဒါဘီ

ပရက်စတန် ၁-၁ အက်စတွန်ဗီလာ

QPR ၀-၀ ရက်ဒင်း

ရှက်ဖီးယူနိုက်တက် ၃-၀ ဘလက်ဘန်း

ဆွမ်ဆီး ၂-၂ ဝီဂန်

ဝက်စ်ဘရွန်း ၁-၁ ရှက်ဖီးဝင်းစ်ဒေး

Most Read

Most Recent