ဟာဇက်၏ အနာဂတ်ကို ဆုံးဖြတ်ရမည့် အချိန်ဖြစ်သည်ဟု ဆာရီပြောကြား

ဟာဇက်၏ အနာဂတ်ကို ဆုံးဖြတ်ရမည့် အချိန်ဖြစ်သည်ဟု ဆာရီပြောကြား
Photo: Getty Images
Photo: Getty Images
Published 30 December 2018

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက လက်ရှိအချိန်မှာ အသင်းတောင်ပံကစားသမား ဟာဇက်၏ အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ရမယ့် အချိန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၂၇) နှစ်အရွယ်ရှိ ဟာဇက်သည် ဒီဇင်ဘာ (၁၉) ရက်နေ့က ဝက်ဖို့ဒ်အသင်းအား (၂-၁) ဂိုးဖြင့်အနိုင်ရသည့် ပွဲစဉ်တွင် (၂) ဂိုးသွင်းယူပြီးနောက် ချယ်လ်ဆီးကစားသမားဘဝ သွင်းဂိုးပေါင်း (၁၀၀) ကျော်ရှိလာခဲ့ပြီး လမ်းပတ်၊ ဒရော့ဘာတို့ကဲ့သို့ အသင်း၏ ဂန္ထဝင်ဖြစ်လိုသည်ဟု ပြောကြားခဲ့သည်။

ဟာဇက်၏ လက်ရှိစာချုပ်မှာ ၂၀၂၀ ခုနှစ်ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီက ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့သည်။

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်က ၄င်း၏ အနာဂတ်ကို ရာသီကုန်တွင်မှ ဆုံးဖြတ်မည်ဟု ပြောကြားထားသော်လည်း ဆာရီက လက်ရှိအချိန်မှာ ယင်းပြဿနာကို ဖြေရှင်းရမည့်အချိန်ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆာရီက '' ဟာဇက်ရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဘာလုပ်ပိုင်ခွင့်မှမရှိပါဘူး။ ကျွန်တော်ကအသင်းနည်းပြပါ။ အသင်းဥက္ကဋ္ဌမဟုတ်ပါဘူး။ ကစားသမားခေါ်ယူရေး၊ စာချုပ်ချုပ်ဆိုရေးကိစ္စတွေမှာ ကျွန်တော်က ကြီးကြပ်သူမဟုတ်ပါဘူး။ ကျွန်တော်က ဟာဇက်နဲ့ ကွင်းအတွင်းဘယ်လိုကစားရမယ်ဆိုတာမျိုးကိုပဲ ပြောကြားချင်သူပါ'' ဟုပြောကြားခဲ့သည်။

ဟာဇက်သည် ယခုနှစ်ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနေပြီး ပွဲစဉ် (၁၉) အပြီးတွင် (၁၀) ဂိုးသွင်းယူထားပြီး၊ ဂိုးဖန်တီးမှု (၉) ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့သည်။

ထို့ပြင် ဆာရီက အသက် (၃၁) နှစ်ရွယ်ရှိ စပိန်ဝါရင့်ကွင်းလယ်လူ ဖာဘရီဂတ်စ်ကိုလည်း အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် အလိုရှိနေကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent