မန်ယူအသင်း၏ယာယီနည်းပြအဖြစ် ကစားသမားဟောင်း ဆိုးလ်ရှားကို ရာသီကုန်အထိ တရားဝင်ခန့်အပ်

မန်ယူအသင်း၏ယာယီနည်းပြအဖြစ် ကစားသမားဟောင်း ဆိုးလ်ရှားကို ရာသီကုန်အထိ တရားဝင်ခန့်အပ်
Photo: AFP
Photo: AFP
Published 19 December 2018

လက်ထောက်နည်းပြအဖြစ် ဖာဂူဆန်၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ၀ါရင့် မိုက်ဖီလန်ကို ခန့်အပ်ခဲ့ပြီး ဆိုးလ်ရှား၏နည်းပြအဖွဲ့တွင် မော်ရင်ဟိုနှင့်လက်တွဲခဲ့သည့် ကာရစ်၊ မက်ကန်နာတို့လည်း ဆက်လက်ပါဝင်မည်ဖြစ်သည်။

မန်ယူအသင်းသည် အသင်းတွင်ကစားခဲ့ဖူးသည့် နော်ဝေတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။

လက်ထောက်နည်းပြအဖြစ် ဖာဂူဆန်၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ၀ါရင့် မိုက်ဖီလန်ကို ခန့်အပ်ခဲ့ပြီး ဆိုးလ်ရှား၏နည်းပြအဖွဲ့တွင် မော်ရင်ဟိုနှင့်လက်တွဲခဲ့သည့် ကာရစ်၊ မက်ကန်နာတို့လည်း ဆက်လက်ပါဝင်မည်ဖြစ်သည်။

'' မန်ယူအသင်းဟာ ကျွန်တော့်ရဲ့အသည်းနှလုံးထဲမှာရှိပါတယ်။ ဒီရာထူးနဲ့ အသင်းကိုပြန်လာရတာဟာ ကျွန်တော့်အတွက် ပါရမီထူးပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေအားလုံးနဲ့အတူ အနာဂတ်အတွက် လက်တွဲလုပ်ဆောင်သွားပါမယ်'' ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

မန်ယူအသင်း၏အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်က '' အိုလေ(ဆိုးလ်ရှား)ဟာ ကွင်းအတွင်းရော နည်းပြဘဝမှာပါ အတွေ့အကြုံများစွာရှိတဲ့ ကလပ်ဂန္ထဝင်တစ်ယောက်ပါ။ သူဟာ မန်ယူအသင်းဟာ သမိုင်းရှိတဲ့သူဖြစ်ပြီး သူနဲ့ မိုက်ဖီလန်ပြန်လာလို့ ကလပ်အသင်းမှာရှိတဲ့သူတိုင်းက ဝမ်းမြောက်ဝမ်းသာဖြစ်နေပါတယ်။ သူတို့ဟာ မန်ယူအသင်းပရိသတ်နဲ့ ကစားသမားတွေကို ဒုတိယရာသီဝက်ဆီ စုစည်းညီညွတ်စွာနဲ့ ဦးဆောင်သွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်'' ဟု မှတ်ချက်ပြုခဲ့သည်။

ဆိုးလ်ရှားသည် မန်ယူအသင်းတွင် ၁၉၉၆ မှ ၂၀၀၇ အထိ (၁၁)ရာသီတိုင် ပါဝင်ကစားခဲ့သူဖြစ်ပြီး (၃၆၆)ပွဲ၌ (၁၂၆)ဂိုးသွင်းယူပေး ခဲ့သည်။ 

ထို့ပြင် အသင်းသမိုင်းတစ်လျှောက် သမိုင်းဝင်အောင်မြင်မှုအဖြစ်တစ်ရာသီအတွင်း အဓိကဆုဖလား(၃)လုံးရရှိခဲ့သည့် (၁၉၉၉)ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းကိုအနိုင်ရခဲ့ရာ၌ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့သူလည်းဖြစ်သည်။

ဆိုးလ်ရှားသည် မန်ယူကစားသမားဘဝမှအနားယူပြီးနောက် အသင်း၏တိုက်စစ်နည်းပြအဖြစ်တာဝန်ယူခဲ့သလို အရန်အသင်းနည်းပြအဖြစ် လည်း တာဝန်ယူခဲ့သည်။ 

ယင်းနောက် ၂၀၁၁ခုနှစ်တွင် နော်ဝေကလပ် မိုလ်ဒီအသင်းနည်းပြဖြစ်လာခဲ့ပြီး အမှတ်ပေးချန်ပီယံဆု (၂)ကြိိမ်ရယူနိုင်ခဲ့သည်။ 

ဆိုးလ်ရှားသည် ကာဒစ်ဖ်အသင်းကိုလည်း တာဝန်ယူခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်တွင် ထုတ်ပယ်ခံခဲ့ရကာ မန်ယူအသင်းယာယီနည်းပြအဖြစ် ခန့်အပ်မခံရမီ မိုလ်ဒီအသင်းကို တစ်ကျော့ပြန်တာဝန်ယူခဲ့သည်။

Most Read

Most Recent