ကမ္ဘောဒီးယားတွင် MMA ထိုးသတ်ခဲ့သည့် မြန်မာဖိုက်တာ ဇင်ဖြိုး အိမ်ရှင်ဖိုက်တာကို ရှုံးနိမ့်

ကမ္ဘောဒီးယားတွင် MMA ထိုးသတ်ခဲ့သည့် မြန်မာဖိုက်တာ ဇင်ဖြိုး အိမ်ရှင်ဖိုက်တာကို ရှုံးနိမ့်
Photo: WURKZ
Photo: WURKZ
Published 11 November 2024

ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် ခွန်ခမာပြိုင်ပွဲတွင် MMA ထိုးသတ်ခဲ့သည့် မြန်မာဖိုက်တာ ဇင်ဖြိုးသည် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ဆာရို့သ်ကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Kun Khmer Warriors ဟု အမည်ပေးထားသည့် ခွန်ခမာပြိုင်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာလူငယ်ဖိုက်တာ ဇင်ဖြိုးသည် ယင်းပြိုင်ပွဲတွင် MMA ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၂ နှစ်သာရှိသေးသူ မြန်မာလူငယ်ဖိုက်တာ ဇင်ဖြိုးသည် ယင်းပြိုင်ပွဲတွင် ကမ္ဘောဒီးယားဖိုက်တာ ဆာရို့သ်နှင့် ၆၃.၅ ကီလိုတန်း၌ MMA စည်းမျဉ်းအတိုင်း ၅ မိနစ် ၃ ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ဇင်ဖြိုးသည် ယခုပွဲမတိုင်မီ ပရော်ဖက်ရှင်နယ်ပွဲ ၄ ပွဲထိုးသတ်ထားပြီး ၃ ပွဲနိုင်၊ တစ်ပွဲသရေကျကာ ရှုံးပွဲမရှိသေးသူဖြစ်သည်။

ဇင်ဖြိုးနှင့် ထိုးသတ်ခဲ့သည့် ကမ္ဘောဒီးယားဖိုက်တာ ဆာရို့သ်သည် အသက် ၂၅ နှစ်ရှိပြီး ပွဲ ၉၀ ထိုသတ်ထားရာ ၇၆ ပွဲနိုင်၊ တစ်ပွဲသရေ၊ ၁၃ ပွဲရှုံးနိမ့်ထားသည့် ၀ါရင့်ဖိုက်တာတစ်ဦးဖြစ်သည်။

ဇင်ဖြိုးသည် ပထမအချီအစမှာပင် ကမ္ဘောဒီးယားဖိုက်တာ ဆာရို့သ်၏ Takedown မိပြီး လှဲချခံရကာ ရုန်းကန်ခဲ့ရပြီး ပထမအချီပြီးခါနီးစက္ကန့်ပိုင်းအလိုတွင် ချုပ်ကွက်မိကာ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent