မက်ဆီရဲ့ဟက်ထရစ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘာစီလိုနာ

မက်ဆီရဲ့ဟက်ထရစ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘာစီလိုနာ
Published 17 December 2018

မက်ဆီဟာ အခုဟက်ထရစ်ကြောင့် သက္ကရာဇ်နှစ်တစ်နှစ်အတွင်း ဂိုး(၅၀)နဲ့အထက်သွင်းယူနိုင်မှုကို နောက်ဆုံး(၉)နှစ်အတွင်း (၈)ကြိမ်မြောက် ရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းက လီဗန်တေးအသင်းကို ဂိုးပြတ်သွင်းပြီး အမှတ်ပေးဇယားမှာ (၃)မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။

မက်ဆီက (၄၃၊ ၄၇၊ ၆၀)မိနစ်တွေမှာ ဟက်ထရစ်သွင်းခဲ့ပြီး (၃၅)မိနစ်မှာသွင်းယူတဲ့ ဆွာရက်ဇ်ရဲ့ဂိုးနဲ့ (၈၈)မိနစ်မှာသွင်းယူတဲ့ ပီကေးရဲ့ဂိုးတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီဟာ အခုဟက်ထရစ်ကြောင့် သက္ကရာဇ်နှစ်တစ်နှစ်အတွင်း ဂိုး(၅၀)နဲ့အထက်သွင်းယူနိုင်မှုကို နောက်ဆုံး(၉)နှစ်အတွင်း (၈)ကြိမ်မြောက် ရရှိခဲ့ပါတယ်။

ဟူဆကာအသင်းဘက်ကို ပယ်နယ်တီဂိုးတစ်ဂိုးသွင်းခဲ့တဲ့ ဗီလာရီးယဲလ်တိုက်စစ်မှူး ဘက်ကာကတော့ လာလီဂါသွင်းဂိုးအများဆုံး ကိုလံဘီယာကစားသမားအဖြစ် ဖယ်လ်ကာအိုရဲ့(၅၂)ဂိုးစံချိန်ကို (၁)ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ပွဲစဉ်ရလဒ်များ

ပရီးမီးယားလိဂ်

ဘရိုက်တန် ၁ - ၂ ချယ်လ်ဆီး

ဆောက်သမ်တန် ၃ - ၂ အာဆင်နယ်

လီဗာပူးလ် ၃ - ၁ မန်ယူ

လာလီဂါ

ဆီဗီလာ ၂ - ၀ ဟီရိုနာ

အက်စ်ပန်ညို ၁ - ၃ ဘက်တစ်

ဟူဆကာ ၂ - ၂ ဗီလာရီးယဲလ်

လီဗန်တေး ၀ - ၅ ဘာစီလိုနာ

စီးရီးအေ

SPAL ၀ - ၀ ချီယေဗို

ဖီအိုရင်တီးနား ၃ - ၁ အမ်ပိုလီ

ဖရိုဆီနိုနီ ၀ - ၂ ဆာဆူအိုလို

ဆမ်ဒိုးရီးယား ၂ - ၀ ပါးမား

ကာဂလီယာရီ ၀ - ၁ နာပိုလီ

ရိုးမား ၃ - ၂ ဂျီနိုအာ

ဘွန်ဒစ်လီဂါ

လိုက်ပ်ဇစ် ၄ - ၁ မိန့်ဇ်

ဖရန့်ဖတ် ၂ - ၁ လေဗာကူဆင်

ပြင်သစ်လီဂူး

နီးစ် ၂ - ၃ လိုင်လီ

နိုက်စ် ၁ - ၁ စိန့်အက်တီယန်

လိုင်ယွန် ၃ - ၀ မိုနာကို